NUG အစိုးရ ပံ့ပိုးမှုဖြင့် မိုးရာသီ အားကစားပွဲတော်နှင့်ပတ်သက်၍ သဘောထားအမြင်များ မေးမြန်းချက် 

NUG အစိုးရ ပံ့ပိုးမှုဖြင့် မိုးရာသီ အားကစားပွဲတော်နှင့်ပတ်သက်၍ သဘောထားအမြင်များ မေးမြန်းချက် 

ဇွန်လ ၁၅ ရက်

“ကျွန်တော်တို့မြန်မာနိုင်ငံတည်ရှိနေသရွေ့ လက်ရှိစနစ်ဆိုးကို ပပျောက်ဖို့ရန် လက်ရှိမျိုးဆက်က အနစ်နာခံရမယ် ။ ဘဝတွေစွန့်ပြီးပြီ ။ အနာဂတ်တွေစွန့်ပြီးပြီ ။ နောင်အနာဂတ်မှာ ဒီလို စစ်အာဏာရှင်စနစ်ဆိုးမျိုး ပညာတတ်ပြီး အသိဉာဏ်မရှိတဲ့ လူမျိုးတွေမပေါ်ထွက်လာအောင် အဓိက ပညာရေးကို လုပ်ဆောင်နေတာပါ” CDM ပြုလုပ်ထားသူ လက်ရှိ ကြားကာလပညာရေးမူဝါဒအစီအစဉ်တွင် ပါဝင်နေသူကျောင်းဆရာတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကြားကာလ ပညာရေးမူဝါဒအတိုင်း အကောင်အထည်ဖော်၍ ကျောင်းဖွင့်လှစ်ခဲ့ပြီး မိုးရာသီအားကစားပွဲအား ဇွန်လ ၁၄ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

အားကစားပြိုင်ပွဲတွင် ဘောလုံး ၊ ပိုက်ကျော်ခြင်း  ၊ အပြေးပြိုင်ပွဲများအပါအဝင် အားကစား ရှစ်မျိုးယှဉ်ပြိုင်ကစားနေကြဆဲဖြစ်ကြောင်း သိရသည်။

မိုးရာသီအားကစားပွဲတော်အား ကျောင်းသူ၊ကျောင်းသားများနှင့် မိဘ၊ဆရာများ အပါအဝင် ပြည်သူ ထောင်ကျော်တက်ရောက်ခဲ့ကြသည်။

ယင်းကျောင်းတွင် ဆရာ၊ဆရာမ ၇၅ဦးမှ တာဝန်ယူပြီး ကျောင်းသား၊သူ ဦးရေ ၆၀၀ခန့် ပညာသင်ကြားနေသည်။

ယင်းမာပင်မြို့နယ်အတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ မှ ကျောင်းပေါင်း ၈၀ကျော် ဖွင့်လှစ်ထားနိုင်ပြီး စစ်ကောင်စီမှ ဖွင့်လှစ်သော ကျောင်းများမရှိကြောင်း သိရှိရသည်။

မိုးရာသီ အားကစားပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့်အတူ ပွဲဖြစ်မြောက်ခဲ့ခြင်း အပေါ် ကျေးရွာအတွင်းရှိ ဆရာတော် ၊ ကျောင်းဆရာ ၊ အုပ်ချုပ်ရေးအဖွဲ့ဝင် နှင့် ကျောင်းသားမိဘများ၏ သဘောထားအမြင်များကို  ဆက်သွယ်မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly