ဇွန်လ ၁၅ ရက်
“ မဲဝယ်ပြီး လှူမယ် “ အစီအစဉ်မှ CDM ဝန်ထမ်း တစ်ဦးလျှင် ကျပ်ငွေ ၃၀,၀၀၀ နှုန်းဖြင့် ၂၀ ဦး ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“မဲဝယ်ပြီး လှူမယ်” အစီအစဉ်တွင် ပန်းချီကားတစ်မဲလျှင် ကျပ် ၁,၀၀၀ ကျပ်နှုန်း ဖြင့်ရောင်းချပြီး ရရှိလာသည့် ငွေကြေးများကို ယင်းမာပင်မြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများအားလှူဒါန်းနေခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်ကို ယင်းမာပင်−ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ခဲ့ခြင်းဖြစ်ကာ ယခုလှူဒါန်းမှုသည် တတိယအကြိမ်ရှိပြီဟုလည်းသိရသည်။
အကြမ်းမဖက် အာဏာဖီဆန့်ရေးလှုပ်ရှားမှု (CDM) လုပ်ဆောင်ခဲ့သည့် ယင်းမာပင်မြို့နယ်မှ ပညာရေးဆရာမ တစ်ဦးလည်း “ မဲဝယ်ပြီး လှူမယ် “ အစီအစဥ်မှ ငွေကြေး အထောက်အပံ့ ရရှိခဲ့သည်။