မြန်မာအာဏာသိမ်းစစ်တပ်က ကလေးသူငယ်များကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု ကုလ ကျွမ်းကျင်သူ ပြော

မြန်မာအာဏာသိမ်းစစ်တပ်က ကလေးသူငယ်များကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဟု ကုလ ကျွမ်းကျင်သူ ပြော

ဇွန်လ ၁၅ ရက်

မြန်မာနိုင်ငံတွင် ယမန်နှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးငယ်အများအပြား သတ်ဖြတ်ခံထားခဲ့ရပြီး ကလေးငယ်များသည် ပဋိပက္ခတိုက်ပွဲအကြား မြေစာပင် ဖြစ်ကြရရုံသက်သက်မဟုတ်ဘဲ အလွန်ကြီးမားသည့် ထိခိုက်ခံစားရမှုများကို ဖြစ်စေရန် ဆန္ဒရှိသည့် စစ်တပ်၏ တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရမှုများ ရှိခဲ့ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ဥပဒေအရ အရွယ်မရောက်သေးသူများသည် စစ်ကြောရေးအတွင်း ရိုက်နှက်ခံရခြင်း၊ အချွန်ဖြင့် ထိုးခံရခြင်း အပြင် လက်သည်းများအလှန်ခံခြင်း သို့မဟုတ် သွားများအနှုတ်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသလို အချို့သည် အတုအယောင်ဖြစ်သည့် သေဒဏ်ချမှတ်မှုကို ခံထားရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ ကြားဝင်စွက်ဖက်သည် ဆိုပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုက ထပ်တလဲလဲ ပြစ်တင်ထားသလို ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ လုပ်ဆောင်နေသည်ဆိုသည် ဆိုသည့် စွပ်စွဲချက်များကိုလည်း အာဏာသိမ်းစစ်တပ်က လက်မခံဘဲ ပယ်ချထားသည်။

ကုလအေဂျင်စီများ၊ လူသားချင်းစာနာမှု နှင့် လူ့အခွင့်အရေးအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများထံမှ ထုတ်ဖော်ထားမှုများအပေါ် အခြေခံထားသည့် ယင်းအစီရင်ခံစာအရ မြန်မာတွင် တိုက်ပွဲများကြောင့် ကလေးငယ် ၂၅၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးထားကြရသလို လေကြောင်းတိုက်ခိုက်မှုများ သို့မဟုတ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၃၈၂ ဦးထက်မနည်း သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားခဲ့ကြောင်း သိရသည်။

“ကလေးငယ်တွေအပေါ် အာဏာသိမ်းစစ်အုပ်စုရဲ့ အတော်မသတ်တဲ့ တိုက်ခိုက်မှုတွေကို ကြည့်မယ်ဆိုရင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ယုတ်မာမှုနဲ့အတူ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ ကြိုးပမ်းရာတွင် အပြစ်မဲ့ ပြည်သူတွေအပေါ် အကြီးအကျယ် ထိခိုက်ခံစားမှုတွေ ဖြစ်ပေါ်စေလိုတဲ့ သူတို့ရဲ့ လိုလားမှုကို မီးမောင်းထိုးပြသနေပါတယ်” ဟု အန်ဒရူးစ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly