လျှပ်စစ် တိုးမြှင့်တင်ပို့ရန် အီရန်ကို ပါကစ္စတန် ပန်ကြား

By The News International
14 June 2022
လျှပ်စစ် တိုးမြှင့်တင်ပို့ရန် အီရန်ကို ပါကစ္စတန် ပန်ကြား

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်သို့ အီရန်နိုင်ငံထံမှ လျှပ်စစ်အား တိုးမြှင့်တင်ပို့ပေးရန် ပါကစ္စတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းဝန်ကြီး အက်ရှ်ဆန် အစ်ခ်ဘဲလ်က ပန်ကြားထားကြောင်း နိုင်ငံခြားမီဒီယာ တစ်ခုက ဖော်ပြသည်။

အီရန် အစ္စလမ္မစ် သမ္မတနိုင်ငံ၏ ပါကစ္စတန်ဆိုင်ရာ သံအမတ် ဆိုင်ယက်ဒ် မိုဟာမက်ဒ် အလီ ဟူစိန်နီသည် ဇွန် ၇ ရက် ညနေပိုင်းက ပါကစ္စတန် ဖွံ့ဖြိုးရေးနှင့် စီမံကိန်းရေးဆွဲမှုဝန်ကြီး အက်ရှ်ဆန် အစ်ခ်ဘဲလ်နှင့် အစ္စလမ်မာဘတ် မြို့ရှိ အီရန်သံရုံး၌ တွေ့ဆုံခဲ့သည်။

ထိုအစည်းအဝေးကို အီရန် ဒုတိယသံအမတ် မိုဟာမက် ဆော့ဟာဘီ၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အကြီးအကဲ ပါကစ္စတန် ဖွံ့ဖြိုးရေးနှင့် စီမံကိန်း ဒုဝန်ကြီး ဆိုင်ယက်ဒ် ဇာဖာ အလီ ရှား အပြင် ပါကစ္စတန် စွမ်းအင်နှင့် ပင်လယ်ရေကြောင်း ဝန်ကြီးဌာနတို့မှ အရာရှိအချို့လည်း တက်ရောက်ခဲ့ကြသည်။

နှစ်ဖက်အဖွဲ့များသည် အီရန်-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အထူးသဖြင့် CPEC အပါအဝင် စွမ်းအင်ကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေး အစီအစဉ်များနှင့်ပတ်သက်သည့် နောက်ဆုံး အခြေအနေ များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်၏ ဒေသများသို့ လျှပ်စစ်တင်ပို့မှု အပါအဝင် စွမ်းအင်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုအတွက် အီရန်အစိုးရကို ကျေးဇူးတင်ကြောင်း အက်ရှ်ဆန် အစ်ခ်ဘဲလ်က ပြောသည်။

ထို့ပြင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးမြှင့်၊ နက်ရှိုင်းစေရန် ပါကစ္စတန် အစိုးရဘက်က လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက အလေးပေး ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly