ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို ဖော်ထုတ်ရန်နှင့် တရုတ်နှင့်တိုက်ပွဲဝင်မှုကို ထောက်ခံရန် အစ္စလာမ်ပညာရှင်များ တူရကီ၌ စုဝေးဆန္ဒပြ

ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို ဖော်ထုတ်ရန်နှင့် တရုတ်နှင့်တိုက်ပွဲဝင်မှုကို ထောက်ခံရန် အစ္စလာမ်ပညာရှင်များ တူရကီ၌ စုဝေးဆန္ဒပြ

ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို မီးမောင်းထိုးပြရန်နှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ၎င်းတို့ရုန်းကန်နေရမှုကို ထောက်ခံအားပေးရန် နိုင်ငံတကာညီလာခံတစ်ခုအတွက် တူရကီမှ အစ္စလာမ်ပညာရှင်များနှင့် အတတ်ပညာရှင်များက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဇွန် ၁၃ ရက်က စုဝေးဆန္ဒပြခဲ့ကြသည်။

“ဒီသီတင်းပတ်မှာ အစ္စလာမ်ပညာရှင်တွေနဲ့ အတတ်ပညာရှင်တွေဟာ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအကြောင်းကို ကမ္ဘာကြီးကို တင်ပြဖို့နဲ့ တရုတ်ကွန်မြနစ်ပါတီနဲ့ ရုန်းကန်နေထိုင်နေရတဲ့ ဝီဂါတွေကို ကူညီထောက်ပံ့နိုင်ရေး ပြည်သူ့သဘောထားတွေကို စည်းရုံးဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာဆိုင်ရာ ညီလာခံအတွက် အစ္စတန်ဘူလ်မှာ စုဝေးခဲ့ကြပါတယ်” ဟု ဝီဂါလေ့လာရေးစင်တာ (CUS)က တွစ်တာ၌ရေးသားခဲ့သည်။

ဝီဂါလေ့လာရေးစင်တာသည် အရှေ့ တာကစ္စတန်/ရှင်ကျန်းရှိ ပြည်သူများအကြောင်းကို လူမျိုးဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဆက်စပ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများသို့ သုတေသနအစီရင်ခံစာများကို တင်ပြသည်။

ရှင်ကျန်းသည် နည်းစနစ်အရ တရုတ်နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ဝီဂါများသည် မွတ်စလင်များဖြစ်ပြီး မိခင်ဘာသာစကားအဖြစ် မန်ဒရင်းစကားကို မပြောကြဘဲ တရုတ်ပြည်မကြီးနှင့် ကွဲပြားသည့် လူမျိုးနှင့် ယဉ်ကျေးမှုများရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များက ရှင်ကျန်းတွင် စီးပွားရေးသာယာဝပြောလာကာ ဟန်တရုတ်လူမျိုးအများ အပြားရောက်လာပြီး ပိုမိုကောင်းမွန်သောအလုပ်များကို လက်ဝါးကြီးအုပ်လာကြသောကြောင့် ဝီဂါများ အသက်မွေးဝမ်းကျောင်းနှင့် ကိုယ်ပိုင်လက္ခဏာများမှာ ခြိမ်းခြောက်မှုခံနေရသည်ဟု ခံစားနေရသည်။

ထို့ကြောင့် မြို့တော် အူရမ်ကီတွင် အကြမ်းဖက်မှုများ ကြိုကြားကြိုကြားဖြစ်ပေါ်လာပြီး ၂၀၀၉ ခုနှစ်တွင် အဓိကရုဏ်းဖြစ်ခဲ့ကာ လူပေါင်း ၂၀၀ ခန့်သေဆုံးခဲ့ပြီး အများစုမှာ ဟန်တရုတ်လူမျိုးများဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ တရုတ်အာဏာပိုင်များသည် ဝီဂါမွတ်စလင် ၁ သန်းကျော်ကို ရှင်ကျန်းရှိ ပညာပေး စခန်းများတွင် ထိန်းသိမ်းထားခဲ့သည်။

အဆိုပါ ပြန်လည်ပညာပေးရေးစခန်းများ၏ အဓိကရည်ရွယ်ချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ အယူဝါဒကို လိုက်နာစေရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly