တောင်ပစိဖိတ်ဒေသတွင် သြဇာချဲ့ထွင်ရန် တရုတ်၏ အစီအစဉ်

တောင်ပစိဖိတ်ဒေသတွင် သြဇာချဲ့ထွင်ရန် တရုတ်၏ အစီအစဉ်

တောင်-ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးရန်နှင့် ပါဝါချဲ့ထွင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်က ပစိဖိတ်ကျွန်း နိုင်ငံများနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရေးအတွက် စက်ရုံစီမံကိန်းများ နှင့် အတိုးသက်သာသည့် ချေးငွေစီမံကိန်း ၅၀ဝ နီးပါးကို အကောင်အထည်ဖော်ခဲ့သည်။

သို့သော် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ တောင်ပစိဖိတ်ဒေသကို ဦးဆောင်ရန်ဖြစ်သည်။

မေလကုန်တွင် အဆိုပါနိုင်ငံများက ကုန်သွယ်မှုနှင့် လုံခြုံရေးသဘောတူညီချက်ကို ပယ်ချလိုက်ခြင်းကြောင့် ပစိဖိတ်ဒေသတွင်းရှိနိုင်ငံ ၁၀ နိုင်ငံအား ယင်း၏ သြဇာအောက်ရောက်လာပြီး ဩဇာကြီးထွားစေရေးအတွက် တရုတ်အစိုးရက ၎င်းတို့လိုချင်သည်များရရှိအောင် အလယ်အလတ်ကာလ၊ ဘက်စုံပါသည့် အစပြုချက် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ခဲ့သည်ဟု Singapore Post သတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီက ၁၀ ရက်ကြာ အင်ဒို-ပစိဖိတ် ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒေသတွင်း တည်ငြိမ်ရေးခြိမ်းခြောက်မှုကို စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည့် တရုတ်အစိုးရ၏ သဘောတူညီချက်ပုံစံနှင့် နိုင်ငံများအား ရင်းနှီးကျွမ်းဝင်အောင်ပြုလုပ်သော်လည်း နည်းဗျူဟာပိုင်းအရ နောက်ပြန်ဆုတ်သွားခဲ့ပြီး သဘောတူညီချက်တွင် ၎င်းက မူလက ပါဝင်လိုသော ပြဿနာများမှ လုံခြုံရေးကိစ္စကို ဘေးဖယ် ထား ခဲ့သည်။

'ပစိဖိတ်ကျွန်းနိုင်ငံများနှင့် အပြန်အလှန်လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်၏ ရပ်တည် ချက်စာတမ်း'ခေါင်းစဉ်ဖြင့် ရရှိလာသော စာတမ်းတွင် ဖော်ပြထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သဘောထားစာတမ်းတွင် တရုတ်က ၎င်းတို့၏ ပန်းတိုင်ရောက်ရန် မည်သို့လုပ်ဆောင်မည်ကို ရှင်းပြထားသည်။

တရုတ်၏ လုပ်ရပ်များကြောင့် တောင်ပစိဖိတ်ဒေသ တစ်ခုလုံးအတွက် 'လုံခြုံရေး' ဆိုင်ရာ စိုးရိမ်မှုများ ထပ်မံ ပေါ်ပေါက်ခဲ့သည်။

အငြင်းပွားဖွယ်ရာ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) ကို ဒေသ ၏ စီးပွားရေး သာယာဝပြောရေး လမ်းကြောင်း အဖြစ် ရပ်တည်ချက်စာတမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly