“ တစ်ဦး အခြေပြုလို့ ၊ မိစ္ဆာဝါဒ တိုက်ကြစို့" စာတန်းကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် 

“ တစ်ဦး အခြေပြုလို့ ၊ မိစ္ဆာဝါဒ တိုက်ကြစို့" စာတန်းကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် 

 

ဇွန်လ ၁၄ ရက်

“ တစ်ဦး အခြေပြုလို့ ၊ မိစ္ဆာဝါဒ တိုက်ကြစို့" စာတန်းကိုင်ဆောင်ကာ တောင်ဒဂုံမြို့နယ်တစ်နေရာတွင် လူငယ်များသမဂ္ဂအဖွဲ့ဝင်တစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဇွန်လ ၁၄ ရက်၊ နေ့လယ် ၃ နာရီခန့်အချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကာ " ဖက်ဒရယ် ဒီမိုကရေစီရရှိရေး" "စစ်အာဏာရှင်စနစ် ကျဆုံးစေရေး" ကြွေးကြော်သံများ ကြွေးကြော်ခဲ့သေးသည်။

အကြမ်းဖက်အာဏာသိမ်း ဖက်ဆစ်စစ်တပ်အားဖြုတ်ချရန် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ အားသည် အင်မတန်မှအရေးပါသည်ကို ပြသရန်ရည်ရွယ်ကာ ယခုကဲ့သို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly