သရက်ချောင်း ရငဲရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ် မီးရှို့ခံရ

By ကိုရွှေမြိတ်
14 June 2022
သရက်ချောင်း ရငဲရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်ရဲ့ နေအိမ် မီးရှို့ခံရ

သရက်ချောင်း၊ဇွန်လ ၁၄

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ရငဲရွာတွင် ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် အချိန်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် နေအိမ် တစ်လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ မီးရှို့ခံရသည့် ပြည်ခိုင်ဖြိုးပါတီဝင် နေအိမ် ပိုင်ရှင်မှာ ဦးဖိုးထော်ဆိုသူ၏ နေအိမ် ဖြစ်ကြောင်း သိရကာ ၎င်းသည် စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

သရက်ချောင်း ဒေသခံ တစ်ဦးက"မီးရှို့ခံရတာက သူအိမ်မှာ အရင်ဖြစ်တာပါ ပြီးမှ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း ဝင်ရောက် ရှာဖွေတာ အိမ်ပိတ်ထားလို့ ဘာမှ မဖြစ်လိုက်ဘူး နောက် အိမ် တစ်ဆောင်ကိုတော့ ဝင်ရောက် မွှေနှောက်သွားတယ်"ဟု ပြောသည်။

ယင်း မီးရှို့ခံရမှု ဖြစ်စဉ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောဆို ထားသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

#mizzima

#ထား၀ယ်ခရိုင်

#သရက်ချောင်း

#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#သေနတ်ဖြင့်ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly