တာလီဘန်လက်အောက် အာဖဂန်နစ္စတန် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှု မြင့်တက်နေခြင်းအပေါ် HRW စိုးရိမ်

တာလီဘန်လက်အောက် အာဖဂန်နစ္စတန် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှု မြင့်တက်နေခြင်းအပေါ် HRW စိုးရိမ်

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန် ထိန်းချုပ်မှုအောက်၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများ ချိုးဖောက်ခံရမှုဖြစ်စဉ် စာရင်းက ရှည်လျားလာပြီး အရေအတွက် တိုးလာနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) ၏ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဌာနမှ ဟယ်သာ ဘားက ပြောသည်။

ယင်းနိုင်ငံတွင် အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများက ပိုမို ကြီးထွားလာနေသည်ဟု သူမက ပြောသည်။

အာဖဂန်နစ္စတန်တွင် အမျိုးသမီးများနှင့် မိန်းကလေးများအနေဖြင့် မလိုအပ်ဘဲ နေအိမ်အပြင် မထွက်သင့် ကြောင်းနှင့် နေအိမ်အပြင်ထွက်ပါကလည်း မျက်နှာ အပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို လုံအောင် ဖုံးထား သင့်ကြောင်း တာလီဘန်တို့က ပြီးခဲ့သည့်လတွင် ကြေညာခဲ့ချိန်တွင် လူအနည်းအကျဉ်းမျှကသာ အံ့အားသင့် ခဲ့ကြသည်။

၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ပထမတစ်ကြိမ် တာလီဘန်အုပ်ချုပ်မှုကာလအတွင်း နေထိုင်ခဲ့ဖူးကြသူများကမူ အဆိုပါ တာလီဘန် ကြေညာချက်ကို အံ့အားသင့်ကြမည် မဟုတ်ပေ။

“လွတ်လပ်စွာ သွားလာလှုပ်ရှားမှု၊ လွတ်လပ်စွာ အလုပ်လုပ်ကိုင်မှုနဲ့ ပညာသင်ကြားနိုင်မှု အပါအဝင် ဒီတစ်ကြိမ်မှာ အမျိုးသမီးအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားပါမယ် ဆိုပြီး ကဘူးလ်ကို သိမ်းပြီးနောက် နှစ်ရက်အကြာမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာနဲ့  ညှိနှိုင်းဆွေးနွေးမှုတွေအတွင်းမှာ ပေးခဲ့တဲ့ တာလီဘန် ခေါင်းဆောင်တွေရဲ့ ကတိတွေကို သံတမန်အချို့နဲ့ အခြားအာဖဂန်အရေး စောင့်ကြည့်သူတွေက နားထောင်ခဲ့ကြပါတယ်” ဟု ဘားက ပြောသည်။

အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာမည်ဆိုသည့် တာလီဘန်တို့၏ ကတိကဝတ်များက အစစ်အမှန် မဟုတ် ဆိုသည်ကို အာဖဂန်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ကာလကြာကတည်းက သတိပေးခဲ့ ကြောင်း သူမက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly