တရုတ်၏ လွန်ကဲသော ကိုဗစ်စမ်းသပ်မှုစံသတ်မှတ်ချက်များက နိုင်ငံ၏ဂျီဒီပီကို ထိခိုက်စေ

တရုတ်၏ လွန်ကဲသော ကိုဗစ်စမ်းသပ်မှုစံသတ်မှတ်ချက်များက နိုင်ငံ၏ဂျီဒီပီကို ထိခိုက်စေ

တရုတ်နိုင်ငံ၏ ပြင်းထန်သော ကိုဗစ်-၁၉ စမ်းသပ်မှုမူဝါဒများသည် နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ကို ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ထိခိုက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း Straits Times က ဖော်ပြသည်။

တရုတ်နိုင်ငံ၌ ကိုဗစ်စမ်းသပ်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး အများပြည်သူနေရာများ၊ ရုံးများနှင့် ကျောင်းများ သို့ ဝင်ရောက်ရန် ၄၈ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုလုပ်ထားရမည်ဖြစ်သည်။ သို့သော် ထိုသို့စမ်းသပ်မှုသည် တရုတ်၏မြို့ကြီးများ၌ပင် တစ်နှစ်လျှင် ယွမ် ၁ ဒသမ ၇ ထရီလီယံ သို့မဟုတ် နိုင်ငံဂျီဒီပီ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ထိခိုက်စေနိုင်သည်။

ထို့ပြင် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာနှင့်ပတ်သက်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှာလည်း တရုတ်လူမျိုးများအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေသည်။

ယခုအခါ ကမ္ဘာကြီးသည် ကိုဗစ်ကပ်ရောဂါကြုံတွေ့နေရသည်မှာ ၂ နှစ်ကျော်ကြာပြီဖြစ်ကာ ဓာတ်ခွဲစမ်းသပ်မှု၊ အသွားအလာကန့်သတ်မှုနှင့် ပိတ်ဆို့မှုများမှာ ပုံမှန်ဘဝ၏ အစိတ်အပိုင်းဖြစ်လာလုနီးပါး ဖြစ်နေပြီသည်။

အစောပိုင်းက တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာပိတ်ဆို့မှုများကြောင့် ကမ္ဘာ့လူဦးရေအများဆုံး ၎င်းတို့နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက် ထိခိုက်ခဲ့ရပုံကို ပြောခဲ့သည်။

လီက အလုပ်ခန့်အပ်မှုအခြေအနေသည် ရှုပ်ထွေးပြီး စိုးရိမ်ဖွယ်ကောင်းကြောင်း ပြောဆိုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးနှင့် တည်ငြိမ်မှုရှိစေမည့် စီမံချက်များကို ဦးစားပေးရန် ‌အစိုးရဆင့်ဆင့်ကို ညွှန်ကြားခဲ့သည်။

၎င်းအစီအမံများတွင် လုပ်ငန်းငယ်များ ရှင်သန်နိုင်ရန် ကူညီခြင်း၊ အင်တာနက်ကုမ္ပဏီများကို ပံ့ပိုးပေးခြင်း၊ ကိုယ်ပိုင်လုပ်ငန်းစမည့် လူများ အားတက်စေရန် မက်လုံးပေးခြင်းနှင့် အလုပ်ဖြုတ်ခံရသူများအတွက် အလုပ်လက်မဲ့ခံစားခွင့်များပေးခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly