ဂျူဗင်နဲ့ အီတလီအသင်းတို့ကို နှုတ်ဆက်ပြီးနောက် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ကြောင်း ချီလီနီ ကြေညာ

ဂျူဗင်နဲ့ အီတလီအသင်းတို့ကို နှုတ်ဆက်ပြီးနောက် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ကြောင်း ချီလီနီ ကြေညာ
Photo: EPA

ချီလီနီဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်နဲ့ အီတလီလက်ရွေးစင်အသင်းတို့ကို နှုတ်ဆက်ခဲ့ပြီးနောက် လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ဖို့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အာဇူရီအသင်းခေါင်းဆောင်ဟောင်း ချီလီနီဟာ သူ့ရဲ့ Twitter အကောင့်မှာ "The Next Chapter" ဆိုတဲ့ စာတိုနဲ့ မေဂျာလိဂ်ဘောလုံးအသင်းရဲ့ အင်္ကျီ ဝတ်ဆင်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။

LAFC ဟာ အီတလီဘာသာနဲ့ တနင်္ဂနွေနေ့မှာ "မကြာမီရောက်ရှိလာမည်"ဆိုတဲ့ စာသားနဲ့ သူတို့ရဲ့ အကောင့်မှာ တင်ထားပြီးဖြစ်တာကြောင့် အဆိုပါအပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ "ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို ဖြည်းဖြည်းခြင်း အဆုံးသတ်ဖို့အတွက် တခြားနေရာမှာ အတွေ့အကြုံတစ်ခုလိုတယ်"လို့လည်း အီတလီရေဒီယိုမှာ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း ကြီးပြင်းလာတဲ့နေရာဖြစ်တဲ့ တိုးတက်နေတဲ့ လိဂ်တစ်ခုကို ပြောင်းရွှေ့နိုင်ပါတယ်"လို့ သူက Radio Anch'io Sport ကို ပြောပါတယ်။

ချီလီနီက ဘယ်တော့ကစားသမားဘဝကနေ အနားယူမလဲဆိုတာ မပြောခဲ့ပေမယ့် "ဒါရိုက်တာတစ်ယောက်အနေနဲ့ အလုပ်လုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေတယ်"လို့ ထည့်သွင်းပြောဆိုခဲပါတယ်။

ချီလီနီဟာ ဂျူဗင်တပ်စ်မှာ ၁၈ နှစ်ကြာကစားပြီးနောက် ကလပ်အသင်းမှာ အဲဒီအတောအတွင်း လိဂ်ဖလား ၉ ကြိမ်နဲ့ အီတလီဖလား ၄ ကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို နှစ်ကြိမ်ရောက်ရှိခဲ့ပါတယ်။

သူဟာ နိုင်ငံအသင်းအတွက် ၁၁၇ ပွဲကစားကာ ပြီးခဲ့တဲ့ နွေရာသီက ယူရို ၂၀၂၀ ဖလားကို ကိုင်မြှောက်ခဲ့ပြီးနောက် ဒီလအစမှာ  နိုင်ငံလက်ရွေးစင်အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

ဗဟိုခံစစ်ကစားသမားဟာ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်နေခဲ့ပေမယ့် အီတလီဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ပြိုင်ပွဲကို လွဲချော်ခဲ့ပြီး အသင်းကနေ အမြန်ထွက်ခွာခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly