စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွက် ပြင်ပအကူအညီ လိုအပ်မလိုအပ်(ဆောင်းပါး)

14 June 2022
စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွက် ပြင်ပအကူအညီ လိုအပ်မလိုအပ်(ဆောင်းပါး)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နှစ်ဦးကို သေဒဏ်ချမယ့်အကြောင်း အတည်ပြုပြောလိုက်တဲ့သတင်းက ဒီရက်ပိုင်းအတွင်း အလှုပ်ခတ်ဆုံးဖြစ်ပါတယ်။ တောက်ခေါက်ဒေါသထွက် ခံပြင်းသူတွေကတော့ အများစုပါပဲ။ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြတာကတော့ တစ်ပိုင်းပါ။ စစ်ကောင်စီဟာ အာဏာရှင်စနစ်တို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်းကို အဆုံးစွန်ကျင့်သုံးနေတာပါ။ ပြည်သူကို ခြိမ်းခြောက်မယ်၊ အကြောက်တရားနဲ့ ဖိနှိပ်ပစ်မယ်၊ သူတို့အုပ်ချုပ်မှုကို ပြန်လှန်အာမခံရဲအောင် လုပ်ပစ်မယ်၊ နှိပ်စက်ဆင်းရဲအောင် လုပ်ထားမယ်၊ ပညာရေး ကျန်းမာရေးလို အခြေခံပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ သူတို့သွတ်သွင်းချင်တဲ့ သတင်းစကား အယူအဆတွေကို ထည့်သွင်းပြီး အတင်းဖိနှိပ်သင်ကြားစေမယ်၊ သမိုင်းမှန် သတင်းမှန်တွေကို လိမ်ဆယ်လိမ်ညာထားတဲ့ အချက်အလက်တွေနဲ့ ပုံမှားပြီးဖုံးဖိပ်ပစ်မယ်၊ အဆုံးကတော့ အာဏာရှင်စနစ်က ရေရှည်တည်တံ့ခိုင်မြဲပြီး အဖိနှိပ်ခံပြည်သူလူထုက သူတို့ပေးသလောက် ပညာရေး ကျန်းမာရေး လူမှုရေး အဆင့်အတန်းအတွင်းမှာ သေသေဝပ်ဝပ်နေသွားစေဖို့သာ ဖြစ်ပါတယ်။ အဆိုးရွားဆုံးလို့ဆိုရမယ့် မြောက်ကိုရီးယား အာဏာရှင်စနစ်ကိုပဲ နမူနာကြည့်ပါ။ အဲ့သဘော သဘာဝအားဖြင့် ပြည့်စုံနေတာတွေ့ရပါမယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly