တောင်ကိုရီးယားပိုင်နက်ထဲဝင်လာသော မြောက်ကိုရီးယားသင်္ဘော သတိပေးပစ်ခတ်မှုကြံုတွေ့ပြီး ပြန်ဆုတ်ခွာ

တောင်ကိုရီးယားပိုင်နက်ထဲဝင်လာသော မြောက်ကိုရီးယားသင်္ဘော သတိပေးပစ်ခတ်မှုကြံုတွေ့ပြီး ပြန်ဆုတ်ခွာ

ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ။            ။ ဖေဖော်ဝါရီ ၈ အစောပိုင်းက တောင်ကိုရီးယား၏ ရေပိုင်နက်ထဲဝင်လာသော မြောက်ကိုရီးယားကင်းလည့်သင်္ဘောတစ်စင်းသည် တောင်ကိုရီးယားရေတပ်၏ သတိပေးပစ်ခတ်မှုကြုံတွေ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်ဟု တောင်ကိုရီးယားရေတပ်အရာရှိတစ်ဦးက ပြောသည်။

တောင်ကိုရီးယားနှင့် အခြားနိုင်ငံများက ဒုံးကျည်စမ်းသပ်မှုတစ်ခုအဖြစ်ယူဆထားသော တာဝေးပစ်ဒုံးဖြင့် ဂြိုဟ်တုလွှတ်တင်မှု မြောက်ကိုရီးယားက ပြုလုပ်ပြီးနောက် တစ်ရက်အကြာ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်မားနေစဉ် ကင်းလှည့်ယာဉ်ကျူးကျော်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ ကင်းလှည့်ယာဉ်သည် ဒေသံစံတော်ချိန် နံနက် ၆နာရီ ၅၅မိနစ်တွင် ဆိုချီအွန်ဒိုကျွန်းအနီး ကျွန်းဆွယ်၏အနောက်ဖက် ပင်လယ်ဝါတွင် တည်ရှိသော မြောက်ဘက် ကန့်သတ်လိုင်း ကိုကျော်ဖြတ်ခဲ့သည်။ ယင်းလိုင်းကို မြောက်ကိုရီးယားက အသိအမှတ်မပြုပေ။

မြောက်ကိုရီးယားကင်းလှည့်ယာဉ်သည် တောင်ကိုရီးယားဘက်မှ ဆက်သွယ်သတိပေးနေသည့်ကြားမှ ပိုင်နက်အတွင်းသို့ ဖြတ်ဝင်လာခြင်းဖြစ်သည်။ သို့သော်လည်း ရေတပ်အမြောက်တစ်ခုမှ သတိပေးပစ်ခတ်မှု ငါးချက်ပစ်လိုက်မှ နံနက် ၇နာရီ၁၅မိနစ်တွင် ကန့်သတ်လိုင်းကိုကျော်၍ ပြန်ဆုတ်သွားခဲ့သည်ဟု ယွန်ဟပ်သတင်းဋ္ဌာနက ပြောသည်။

၁၉၅၀ - ၅၃ ကိုရီးယားစစ်ပွဲရပ်ဆိုင်းလိုက်ပြီးနောက် ရေးဆွဲထားသော မြောက်ပိုင်းကန့်သတ်လိုင်းကို မြောက်ကိုရီးယားက ငြင်းဆိုထားသည်။ မကြာခဏ ယင်းလိုင်းကိုကျော်ကာ သင်္ဘောများစေလွှတ်ခြင်းဖြင့် စိန်ခေါ်လေ့ရှိသည်။ သိပ်မကြာသေးခင်က ယင်းလိုင်းအနီးနှင့် တစ်ဝိုက် အမြောက်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly