စာချုပ်သစ်ကိစ္စရပ်နှင့် ပတ်သက်၍ အသင်းမှ ဆက်သွယ်ပြောဆိုခြင်း မရှိသေးဟု တယ်ရီဆို

စာချုပ်သစ်ကိစ္စရပ်နှင့် ပတ်သက်၍ အသင်းမှ ဆက်သွယ်ပြောဆိုခြင်း မရှိသေးဟု တယ်ရီဆို

လန်ဒန်၊ ဖေဖော်ဝါရီ ၈ ။         ။ စာချုပ်သစ်ကိစ္စရပ်နှင့် ပတ်သက်၍ အသင်းနှင့် ၎င်း၏ကြားတွင် ပြောဆိုဆွေးနွေးခြင်း မရှိသေးကြောင်း ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပြောဆိုလိုက် သည်။

ဂျွန်တယ်ရီ၏လက်ရှိစာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ ချယ်လ်ဆီးအသင်းမှာ တယ်ရီကို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်း မရှိသေးပေ။

ချယ်လ်ဆီးနှင့် မန်ယူတို့ သရေကျခဲ့သည့်ပွဲတွင် ချယ်လ်ဆီးပရိသတ်များက တယ်ရီကို စာချုပ်သစ်ချုပ်ဆိုရန် ဆိုင်းဘုတ်များ၊ စာတန်းများကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြသည်။

ချယ်လ်ဆီး၏ ယာယီနည်းပြ ဟစ်ဒင့်ကလည်း တယ်ရီမှာ အကောင်းဆုံးပုံစံတွင် ရှိနေသေးသည့်အတွက် အသင်းဘက်မှ ကမ်းလှမ်းမှု ပြုလုပ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ တယ်ရီက 'ကျွန်တော့်ဘက်ကတော့ ရှင်းပါတယ်။ အသင်းမှာ ဆက်လက်ကစားသွားလိုပါတယ်။ ဒီကိစ္စမှာ အသင်းက အရေးအကြီးဆုံးပါပဲ။ လက်ရှိအချိန်အထိတော့ ကျွန်တော်နဲ့ အသင်းရဲ့ ကြားမှာတော့ ဘာဆက်သွယ်ပြောဆိုမှုမှ မရှိသေးပါဘူး။

ချယ်လ်ဆီးမှာ ကစားခဲ့ရတဲ့ အချိန်တွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော်နဲ့ အမြဲအတူရှိနေမှာပါ' ဟု ပြောသည်။

တယ်ရီကို ချယ်လ်ဆီးကစားသမားဟောင်း ဇိုလာကိုင်တွယ်နေသည့် အယ်လ်အာရက်ဘီအသင်းနှင့် မေဂျာလိဂ်ကလပ်များက ချိတ်ဆက်မှုများ ပြုလုပ်နေကြသလို လစာငွေများစွာရရှိမည့် တရုတ်စူပါလိဂ်သို့လည်း ရောက်ရှိသွားဖွယ်ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly