ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရန် အရေးနိမ့်သွားပြီးနောက် အမေရိကန်က မြန်မာစစ်တပ်၏ ဗီတိုအာဏာကို ဝေဖန်

ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲရန် အရေးနိမ့်သွားပြီးနောက် အမေရိကန်က မြန်မာစစ်တပ်၏ ဗီတိုအာဏာကို ဝေဖန်

ရန်ကုန်၊ ဇွန်-၂၆ ။    ။ မြန်မာစစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်အုပ်စုက အရေးကြီးသည့် ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ပြောင်းလဲမှု များကို ပယ်ချလိုက်ပြီးနောက်တစ်ရက်တွင် ထိရောက်သည့် ဥပဒေပြုမှု ဗီတိုအာဏာကို မြန်မာစစ်တပ်က ကိုင်စွဲထားသည်မှာ ဒီမိုကရေစီမကျကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့က ပြောကြားလိုက်ပြီး ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲ ရန်လည်း ထပ်မံတောင်းဆိုလိုက်သည်။  

၄၉နှစ်ကြာ စစ်တပ်အုပ်စိုးမှုကို အဆုံးသတ်လိုက်ပြီး၊ ၂၀၁၁ခုနှစ်တွင် အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာကတည်းက ဝါရှင်တန်က မြန်မာနှင့် ပြန်လည်ဆက်ဆံလာခဲ့ရာ သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်း တွင် ကိုယ်ရောစိတ်ပါ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မြန်စာစစ်တပ်ကို အရပ်သားအစိုးရသို့ အာဏာလွှဲအပ်၍ နိုင်ငံရေးနယ်ပယ်မှ နောက်ဆုတ်နေရန် တွန်းအားပေးခဲ့သည်။ သို့ရာတွင် လိုအပ်သော ထောက်ခံမဲမရရှိဘဲ အရေးနိမ့်သွားခဲ့သည့် ဗီတိုပုဒ်မကို ပြင်ဆင်ရန် လွှတ်တော် မဲခွဲမှုက စစ်တပ်အနေဖြင့် နိုင်ငံအရေးရာကိစ္စများတွင် အင်အားကြီးမားစွာ သြဇာလွှမ်းမိုးမှုကို ချက်ချင်းစွန့်လွှတ်ဦးမည့် အစီအစဉ် မရှိကြောင်းကို ဖော်ပြနေသည်။

 ‘မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စစ်တပ်ကို အရပ်သားအစိုးရက မလွှမ်းမိုးနိုင်တာမျိုး၊ ဖွဲ့စည်းပံုံပြင်ဆင်မှုအပေါ်မှာ စစ်တပ်က ဗီတိုအာဏာသုံးပြီး ကန့်ကွက်နိုင်တာမျိုး အခြေခံကျတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ ဥပဒေပုဒ် မတွေ ပါဝင်နေတယ်’’ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

‘မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်းလဲမှု အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီနိုင်ငံနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲ မှုတွေပြုလုပ်ဖို့ အရေးကြီးပါတယ်’’ဟုလည်း ၎င်းက ပြောကြားသွားခဲ့သည်။

ည စစ်တပ်က ရေးဆွဲပြုစုထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖို့ဆိုလျှင် လွှတ်တော်အမတ်များ၏ ၇၅ရာခိုင်နှုန်းက ပြင်ဆင်ပြောင်းလဲရန် ထောက်ခံရမည်ဖြစ်သော်လည်း မြန်မာ့လွှတ်တော်တွင် အမတ်နေရာ ၂၅နေရာကို အရွေးကောက်ခံမဟုတ်သည့် စစ်တပ်အမတ်များအတွက် ချန်လှပ်ထားရသည့်အပြင် ဥပဒေပြုခွင့်ဗီတိုအာဏာမှာလည်း ထို၂၅ယောက်အုပ်စု လက်ထဲတွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly