ဥရုဂွေးတိုက်စစ်မှူး နူးနက်ဇ်အတွက် ဘင်ဖီကာနဲ့ သဘောတူညီမှု ရရှိတဲ့ လီဗာပူးလ်

ဥရုဂွေးတိုက်စစ်မှူး နူးနက်ဇ်အတွက် ဘင်ဖီကာနဲ့ သဘောတူညီမှု ရရှိတဲ့ လီဗာပူးလ်
Photo: EPA

လီဗာပူးလ်အသင်းဟာ ဥရုဂွေးတိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို ခေါ်ယူဖို့အတွက် ဘင်ဖီကာအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ပေါ်တူဂီကလပ်က အတည်ပြုလိုက်ပါတယ်။

add-on နှင့်အတူ ယူရိုသန်း ၁၀၀ (ပေါင် 85 သန်း) အထိ ရှိလာပြီး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း (ပေါင် ၆၄ သန်း) ဖြင့် ခေါ်ယူဖို့ သဘောတူညီလိုက်ကြောင်း ဘင်ဖီကာက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် နူးနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၄၁ ပွဲကစား၊ ၃၄ ဂိုးသွင်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း လီဗာပူးလ်က ဘင်ဖီကာကို ၆-၄ နဲ့ အနိုင်ယူခဲ့စဉ်က သူဟာ လီဗာပူးလ်ဘက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။

၎င်းတို့ရဲ့ ဒုတိယတွေ့ဆုံမှုအပြီးမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က နူနက်ဇ်ဟာ "ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ လျင်မြန်မှု၊ သူ့ရဲ့ အဆုံးသတ် တည်ငြိမ်မှု"လို့ နူနက်ကို ရည်ညွှန်းခဲ့သလို သူဟာ"သူ့ရှေ့မှာ ကြီးမားပြီး အောင်မြင်တဲ့ လမ်းကြောင်းတစ်ခုရှိတယ်။"လို့ ခန့်မှန်းခဲ့ပါတယ်။

၂၀၂၀ မှာ စပိန်ကလပ် အယ်လ်မီရီယာအသင်းကနေ ယူရို ၂၄ သန်း (ပေါင် ၂၀.၅ သန်း) နဲ့ ဘင်ဖီကာ ခေါ်ယူခဲ့တဲ့ နူနက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးမှာ ၂၀၁၈ က ဆောက်သမ်တန်ကနေ ခေါ်ယူခဲ့တဲ့ ဗဟိုနောက်ခံလူ ဗန်ဒိုက်အတွက် ပေးခေရတဲ့ ပေါင် ၇၅ သန်းဖြစ်ပြီး နူနက်ဇ်အတွက် စာချုပ်ဟာ add-ons ပမာဏပေါ်မူတည်ပြီး ယင်းထက်ကျော်လွန်သွားနိုင်ပါတယ်။

အဆိုပါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအတွက် ချန်ပီယံလိဂ် ၁၀ ပွဲမှာ ၆ ဂိုးသွင်းခဲ့ပြီး လိဂ်ပွဲ ၂၈ ပွဲမှာ ၂၆ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးခဲ့ပါတယ်။

နူနက်ဇ် ရောက်ရှိလာမှုဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်မှာရှိနေတဲ့ ဆာဒီယို မာနေးရဲ့နေရာ အစားထိုးဝင်ရောက်လာဖွယ်ရှိပြီး မာနေးဟာ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှု ခံနေရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

အသက် ၃၀ နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးအတွက် ဂျာမန်ချန်ပီယံအသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ တန်ကြေးကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပါတယ်။

အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ဂျပန်လက်ရွေးစင် မီနာမီနိုဟာ ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly