ပီအက်စ်ဂျီနဲ့ ဆွေးနွေးအပြီး အသင်းကနေ ထွက်ခွာတော့မယ့် ပိုချက်တီနို

ပီအက်စ်ဂျီနဲ့ ဆွေးနွေးအပြီး အသင်းကနေ ထွက်ခွာတော့မယ့် ပိုချက်တီနို
Photo: EPA

နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကလပ်အသင်းနဲ့ ဆွေးနွေးအပြီး ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ တရားဝင်ကြေညာချက်ထုတ်ပြန်ဖို့ ကျန်ရှိနေသေးပေမယ့် အသက် ၅၀ နှစ်ရှိ တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်းဟာ သူ့ရဲ့စာချုပ်နောက်ဆုံးနှစ်ကို ကိုင်တွယ်မှာ မဟုတ်ပါဘူး။

ဇီဒန်း၊ မော်ရင်ဟိုနဲ့ နိုက်စ်နည်းပြ ဂယ်လ်တီယာတို့ဟာ ပိုချက်တီနိုကို အစားထိုးဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပေမယ့် အာဂျင်တီးနားသားဟာ ချန်ပီယံလိဂ်ရှုံးထွက်နောက်ဆုံး ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ပီအက်စ်ဂျီဟာ ချန်ပီယံ ရီးယဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၂-၀ နဲ့ အနိုင်ရနေပေမယ့် ဒုတိယအကျော့ နောက်ဆုံး နာရီဝက်အတွင်းမှာပဲ ရီးယဲလ်ကို ၃ ဂိုးထိ ပေးခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ သူ့ရဲ့ မန်နေဂျာဘဝ ပထမဆုံးဆုဖလားတွေဖြစ်တဲ့ ၂၀၂၁ ပြင်သစ်ဖလားနှင့် ၂၀၂၂ လီဂူးဝမ်းဖလားတို့ကို ရယူထားနိုင်ခဲ့ပေမယ့် ကလပ်အသင်းရဲ့ အမြင့်ဆုံးရည်မှန်းထားတဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ ရယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ယာယီနည်းပြ ရန်းနစ်နဲ့ ဆိုးလ်ရှားရဲ့ အမြဲတမ်းနည်းပြနေရာကို ရယူသူ အဲရစ်တန်ဟက်ဂ်ကို မခန့်အပ်ခင်မှာ စပါးအသင်းနည်းပြဟောင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆိုးလ်ရှားနေရာ အစားထိုးဖို့ ဖြစ်နိုင်ခြေရှိတဲ့သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly