တရုတ်၏ CPEC စီမံကိန်းများက ပါကစ္စတန် ဂေးလ်ဂစ်ဘော်လ်တစ္စတန်ရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ

တရုတ်၏ CPEC စီမံကိန်းများက ပါကစ္စတန် ဂေးလ်ဂစ်ဘော်လ်တစ္စတန်ရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေ

ပါကစ္စတန်က တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို နာမကျန်းဖြစ်နေသော နိုင်ငံ့စီးပွားရေးအတွက် ပြောင်းလဲပေးသည့်အရာအဖြစ် သတ်မှတ်ထားသော်လည်း တရုတ်၏ စီမံကိန်းကြီးများသည် ဂေးလ်ဂစ်ဘောလ်တစ္စတန်၏ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားသော သက်ရောက်မှုများရှိကြောင်း ပြသနေသလို ထိန်းချုပ်၍မရသော လေထုညစ်ညမ်းမှုနှင့် ရေဂေဟစနစ်အတွက် နောက်ပြန်မဆုတ်နိုင်သော ဆုတ်ယုတ်မှုတို့ကို ဖြစ်ပေါ်စေသည်။

စီးပွားရေးစင်္ကြံ၏ အောက်၌ ပါကစ္စတန်နှင့် တရုတ်တို့သည် ကြီးမားသောဆည်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ဂေးလ်ဂစ်ဘောလ်တစ္စတန်တွင် ယူရေနီယံနှင့် သတ္တုအကြီးစားထုတ်ယူခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်လျက်ရှိသည်။

ဂေးလ်ဂစ်ဘောလ်တစ္စတန်သည် ပါကစ္စတန်နှင့်တရုတ်၏ အကြီးစားစီမံကိန်းများအတွက် သောက်သုံးရေနှင့် ဆည်မြောင်းရေလိုအပ်မှု ထက်ဝက်ကျော်ကို ပံ့ပိုးပေးလျက်ရှိသော်လည်း အဆိုပါစီမံကိန်းများသည် ဒေသရာသီဥတုအပေါ် ဆိုးကျိုးသက်ရောက်စေကာ ရေဂေဟစနစ်များအတွက် ထိန်းချုပ်၍မရသော ညစ်ညမ်းမှုနှင့် နောက်ပြန်မဆုတ်နိုင်သော ဆုတ်ယုတ်မှုတို့ကို ဖြစ်စေကြောင်း Global Order က ဖော်ပြခဲ့သည်။

မကြာသေးမီက ပါကစ္စတန်ရှိ ဟာဆာနာဘက်ရွာ၌ ရေခဲကန်ကြီးတစ်ခု ကွဲအက်မှုဖြစ်ပေါ်ခဲ့ပြီး အိမ်များ မျောပါသွားကာ ကာရာကိုရမ်အဝေးပြေးလမ်းတံတားကြီး ပြိုကျသွားခဲ့သည်။ ယင်းဖြစ်ရပ်များ၏ အဓိကအကြောင်းရင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အဆိုပါရေခဲမြစ်များ၏ ၃ ပုံ ၁ ပုံသည် ယခုရာစုနှစ်အကုန်တွင် ပျောက်ကွယ်သွားကာ ပါကစ္စတန်တွင် ကြီးမားသော အငတ်ဘေးဆိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ရေခဲလွှာများ အရည်ပျော်ခြင်းသည် နှစ်ထောင်ပေါင်းများစွာ ပိတ်မိနေသော ဗိုင်းရပ်စ်များကို ထုတ်လွှတ်ကာ ရှားပါး ရောဂါများ မကြုံစဖူး ဖြစ်ပွားလာလိမ့်မည်ဟုလည်း ဖော်ပြထားသည်။

ရာသီဥတု ဘေးအန္တရာယ်ကြောင့် ပါကစ္စတန်တွင် လာမည့်ဆယ်စုနှစ် ၃ ခုအတွင်း လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးနိုင်သည်ဟု ကုလသမဂ္ဂက ထုတ်ပြန် ပြောကြားခဲ့ပြီး ဆန်းသစ်သောကပ်ရောဂါကြောင့် ဖြစ်ရသည့် သေဆုံးမှုများကိုပါ ထည့်သွင်းပါက ကိန်းဂဏန်များမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။

သစ်တော်ပြုန်းတီးမှုကလည်း ဂေးလ်ဂစ်ဘော်လ်တစ္စတန်ဒေတွင် မြေပြိုမှုများဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။

ခိုင်ဘာပက်တွန်ခဝါ (KPK) ရှိ တရုတ်ရေအားလျှပ်စစ်စီမံကိန်းအတွက် သစ်တောမြေများကိုပင် ပေးအပ်ခဲ့သည်။ ပါကစ္စတန်စစ်တပ်သည် ဒေသခံများ၏ အကျိုးစီးပွားကို ကာကွယ်ရမည့်အစား ဌာနေမြေများကို သိမ်းယူနေကာ ၎င်းမြေများပေါ်တွင် တရုတ်အကျိုးစီးပွားများကို လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly