ပါကစ္စတန်ကို ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြေ မြင့်မားသော နိုင်ငံအဖြစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ရှုမြင်

ပါကစ္စတန်ကို ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြေ မြင့်မားသော နိုင်ငံအဖြစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ရှုမြင်

ပါကစ္စတန်နိုင်ငံသည် ယခုအခါ ကြွေးမြီပေးဆပ်ရန် ပျက်ကွက်နိုင်သည့် အလားအလာ မြင့်မားသော နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ရှုမြင်ခြင်းကို ခံနေရသည်။ လက်ရှိအချိန်တွင် ပါကစ္စတန်ဗဟိုဘဏ် (SBP) က ထားရှိသည့် အရန်နိုင်ငံခြားသုံးငွေပမာဏသည် ၂၀၂၁ ခုနှစ် ဩဂုတ်လက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိခဲ့ရာမှ ၉လတာအတွင်း ဒေါ်လာ ၁၀ ဒသမ ၁ ဘီလီယံကို ကျဆင်း သွားခဲ့သည်။

ပါကစ္စတန်၏ ကြွေးမြီ ပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြေ အလားအလာ တစ်ဟုန်ထိုး တက်မှုတွင် နိုင်ငံ၏ မကောင်းသော နိုင်ငံရေးအခြေအနေများက စွန်းထင်းနေသည်။

ကြွေးမြီ ပြန်ဆပ်ရန် ပျက်ကွက်နိုင်ခြေ အလားအလာ မြင့်တက်မှုက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအကြား နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။

အဆိုပါ အခြေအနေက ချေးငွေရယူမှုအပေါ် လက်လှမ်းမမီနိုင်အောင် နှုန်းထား မြင့်တက်စေသလို နိုင်ငံ၏ နိုင်ငံသုံးငွေကြေးအပေါ် ယုံကြည်မှုကိုလည်း ထိခိုက်စေသည်ဟု The News International က ဖော်ပြသည်။

အလားတူ တူညီသော ဇာတ်ညွှန်းအခြေအနေမျိုးက ပြီးခဲ့သည့် မေ ၁၈ ရက်က သီရိလင်္ကာ ကျွန်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ နိုင်ငံသည် ကြွေးမြီနှင့် အတိုးပေးဆပ်ရမည့်ပမာဏ ဒေါ်လာ ၇၈ သန်းကို ပေးဆပ်နိုင်ခြင်း မရှိခဲ့ဘဲ သီရိလင်္ကာသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကြွေးဆပ်ရန် ပျက်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) အချက်အလက်များအရ လက်ရှိနှစ်အတွင်း အိန္ဒိယ၏ အမြင့်ဆုံး FDI စီးဝင်မှု ပမာဏ ဒေါ်လာ ၈၃ ဒသမ ၅၇ ဘီလီယံနှင့် ပါကစ္စတန်၏ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုပိုင်း တိုးတက်မှုမရှိသည့် အခြေအနေအကြား သိသာထင်ရှားသည့် ကွာခြားမှုကို မြင်တွေ့စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly