စီးပွားရေးတိုးတက်မှုရရှိစေရန် တရုတ်သမ္မတရှီကျင့်ဖျင်က ဝန်ကြီးချုပ်လီခါ့ချင်ကို ပြန်လည် ပွဲထုတ်လာ

By Ndtv
11 June 2022
စီးပွားရေးတိုးတက်မှုရရှိစေရန် တရုတ်သမ္မတရှီကျင့်ဖျင်က ဝန်ကြီးချုပ်လီခါ့ချင်ကို ပြန်လည် ပွဲထုတ်လာ

တရုတ်၏ ကျဆင်းနေသော စီးပွားရေးကို တည်ငြိမ်စေရန်နှင့် ဧပြီ မှ ဇွန် ၃ လအတွင်း တိုးတက်မှု အနုတ် လက္ခဏာပြခြင်းကို ရှောင်ရှားရန် တရုတ်ဝန်ကြီးချုပ် လီခါ့ချင်သည် စီးပွားရေး ပြန်လည်ရှင်သန်ရန် ရှေ့တန်းသို့ ထွက်လာခဲ့သည်။

တင်းကျပ်သော ကိုဗစ်ကင်းစင်ရေးမူဝါဒနှင့် သမ္မတရှီကျင့်ဖျင်၏ အိမ်ခြံမြေနှင့် နည်းပညာ ကဏ္ဍကို ဖိနှိပ်မှုများကြောင့် တရုတ်စီးပွားရေးသည် ထိခိုက်မှု နှစ်ဆကြုံတွေ့နေရသည်။

တရုတ်စီးပွားရေးသည် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီမှ မတ်လ ၃လပတ်အတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြင့် တိုးတက်မှု လျော့ကျသွားခြင်းကြောင့် ရှီကျင့်ဖျင်သည် ဆယ်စုနှစ်ကာလ ရာထူးသက်တမ်းတစ်လျှောက်လုံး ၎င်းတို့ကို ဘေးဖယ်ထားခဲ့သော်လည်း စီးပွားရေးကျဆင်းမှုကို ရပ်တန့်ရန် ဝန်ကြီးချုပ်လီကို ရှေ့တန်းတင်ရန်မှတပါး အခြားရွေးချယ်စရာမရှိကြောင်း Nikkei Asia က သတင်းဖော်ပြခဲ့သည်။

ရှီသည် လီအား ဆယ်စုနှစ်ကာလ ရာထူးသက်တမ်းတစ်လျှောက်လုံး ဘေးဖယ်ထားခဲ့သော်လည်း ယခုအခါ ၎င်းတို့ နှစ်ဦးသည် အပေးအယူတစ်ခု ရှိနေနိုင်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က စီးပွားရေးတည်ငြိမ်စေရေး ကျင်းပခဲ့သည့် ဗီဒီယိုကွန်ဖရင့်ကြီးတစ်ခုတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ မြူနီစီပယ်ဒေသ ၂၈၀ဝ ကျော်မှ အကြီးတန်းအရာရှိ ၁၀ဝ,ဝဝဝ ခန့်ကို ဝန်ကြီးချုပ် လီခါ့ချင်က မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

'မတ်လနှင့် အထူးသဖြင့် ဧပြီလကတည်းက စတင်ခဲ့သောအခက်အခဲများက ကိုဗစ်-၁၉ ကပ်ရောဂါ တရုတ်ကို ကူးစက်မှုစတင်သည့် ၂၀၂၀ပြည့်နှစ်တွင် တွေ့ကြုံ ခဲ့ရသောအတိုင်းအတာများထက် ပိုမိုကြီးမား သည်' ဟု လီကညီလာခံအတွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

တရုတ်၏ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ဝယ်ယူရေးမန်နေဂျာများအညွှန်းကိန်း (PMI) သည် မေလတွင် တတိယလပတ်ဆက်တိုက်အနေဖြင့် အတက်အကျသတ်မှတ်ချက်အဆင့်နားဖြစ်သည့် အမှတ် ၅၀ တွင်ရှိနေကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ဇွန်လ ၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

တစ်ချိန်က ကိုဗစ်-၁၉ ကပ်ရောဂါကို ပြင်းထန်စွာ ခုခံကာကွယ်ကြောင်း ကြွေးကြော်ခဲ့သည့် တရုတ်နိုင်ငံသည် ယခုအခါ ဗိုင်းရပ်စ်ကူးစက်မှုပြန်လည်စတင်ခြင်းနှင့် အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်တက်လာခြင်းတို့ ကြောင့် များစွာ အထိနာနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required