ကိုဗစ်ကပ်ရောဂါ ကာလတွင် အာဖရိကသို့ တရုတ်၏ ချေးငွေများ လျော့နည်းလာ

ကိုဗစ်ကပ်ရောဂါ ကာလတွင် အာဖရိကသို့ တရုတ်၏ ချေးငွေများ လျော့နည်းလာ

ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကာလအတွင်း အာဖရိကသို့ တရုတ်ချေးငွေများ လျော့နည်းလာပြီး ၂၀၂၀ပြည့်နှစ်တွင် ချေးငွေကတိကဝတ်များ ကျဆင်းသွားခဲ့သည်။

ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး နောက်ဆက်တွဲရိုက်ခတ်မှုများသည် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း အစီအစဉ် (BRI) လက်အောက်ရှိ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းနှင့် ရန်ပုံငွေထောက်ပံ့မှုတွင် ဆိုးရွားစွာ သက်ရောက်မှုရှိကြောင်း European Times သတင်းတွင် ဖော်ပြထားသည်။

အာဖရိကနိုင်ငံများသို့ တရုတ်ချေးငွေကတိကဝတ်များသည် ၂၀၂၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံအထိ သမိုင်းဝင်အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ၂၀၁၅-၂၀၁၉ခုနှစ်များအတွင်း တစ်နှစ်လျှင် ပျှမ်းမျှ စီမံကိန်းပေါင်း ၆၀ ခန့်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်းစီမံကိန်း ၁၁ ခုအထိ လျော့နည်းသွားခဲ့သည်။

ချေးငွေအများဆုံး လက်ခံရရှိသည့် ၁၀ နိုင်ငံတွင် ဂါနာ တစ်နိုင်ငံတည်းသာ ချေးငွေအသစ်များကို ၂၀၂၀ပြည့်နှစ်တွင် ရရှိခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် အန်ဂိုလာနှင့် အီသီယိုးပီးယားကဲ့သို့သော သမိုင်းကြောင်းအရ ချေးငွေ အများအပြားရယူသည့် နိုင်ငံများသည် ချေးငွေမရရှိခဲ့ပေ။

ယင်းအခြေအနေသည် အာဖရိကသို့ တရုတ်ချေးငွေများ ရပ်တန့်သွားခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာ ခဲ့သည်။ ၂၀၂၀ပြည့်နှစ်အတွင်း အာဖရိကအစိုးရပေါင်း ၄၉ ခုနှင့် အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံ တန်ဖိုးရှိသည့် ချေးငွေကတိကဝတ်ပေါင်း ၁၁၈၈ ခုကို လက်မှတ်ရေးထိုးခဲ့သည့် တရုတ်ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ခဲ့မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း European Times က ဖော်ပြခဲ့သည်။

သို့သော် အာဖရိကနိုင်ငံများတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး နောက်ထပ် ပြဿနာကြီးများလည်း ရှိနေသေးသည်။

ကပ်ရောဂါ၏ သက်ရောက်မှုအပြင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI )များသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည့်အပြင် အလုပ်သမားနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ယုံကြည်စိတ်ချရမှု ဆုံးရှုံးနေ သည်။

အာဖရိကနိုင်ငံများတွင် တရုတ်၏ ကျင့်ဝတ်သိက္ခာမဲ့သော စီးပွားရေးလုပ်ပုံလုပ်နည်းများသည် မြင်တွေ့နေကျ အခြေအနေတစ်ခု ဖြစ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly