မိုနာကိုမှ ကွင်းလယ်ကစားသမား အော်ရီလီယန် ချူအာမီနီကို ရီးယဲလ်မက်ဒရစ် ခေါ်ယူ

မိုနာကိုမှ ကွင်းလယ်ကစားသမား အော်ရီလီယန် ချူအာမီနီကို ရီးယဲလ်မက်ဒရစ် ခေါ်ယူ

ရီးယဲလ်မက်ဒရစ်အသင်းဟာ မိုနာကိုအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား အော်ရီလီယန် ချူအာမီနီကို ခြောက်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ကလပ်နှစ်သင်းစလုံးက သဘောတူညီမှုရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ဆေးစစ်မှုခံယူပြီးနောက် အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် အင်္ဂါနေ့မှာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပမှာဖြစ်တယ်လို့ ရီးယဲလ်မက်ဒရစ်က ဆိုပါတယ်။

ချူအာမီနီဟာ ပြီးခဲ့တဲ့ရာသီက မိုနာကိုအတွက် လီဂူး-၁ မှာ ၃၅ ပွဲကစားထားပြီး ၃ ဂိုသွင်းယူကာ ၂ ဂိုးဖန်တီးပေးထားပါတယ်။

သူဟာ စက်တင်ဘာလက နိုင်ငံတကာပွဲဦးထွက်ကစားပြီးနောက်ပိုင်း ပြင်သစ်အသင်းအတွက် ၁၁ ပွဲကစားထားပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ ယူရို သန်း ၈၀ (ပေါင် ၆၈.၃ သန်း)အပြင် အပိုဆုကြေး ယူရို သန်း ၂၀ (ပေါင် ၁၇ သန်း) ခန့်ရှိတယ်လို့ သိရပါတယ်။

ချူအာမီနီဟာ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ တို့နဲ့လည်း ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

ချူအာမီနီဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်နဲ့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်ဟာ ဒီနွေရာသီအစောပိုင်းမှာ ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ လွဲချော်ခဲ့ပေမယ့် ချူအာမီနီကို အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly