တရုတ်သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်း၌ ပုံပြင်တစ်ပုဒ်ဖြစ်လာမည့် တိဗက်ဗုဒ္ဓသာသာ

တရုတ်သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်း၌ ပုံပြင်တစ်ပုဒ်ဖြစ်လာမည့် တိဗက်ဗုဒ္ဓသာသာ

တရုတ်သမ္မတရှီကျင့်ဖျင်သည် မော်စီတုံးခေတ်နောက်ပိုင်းပထမဆုံးအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်း၏ တတိယသက်တမ်းကို ရယူနိုင်ခဲ့ပါက တိဗက်ဗုဒ္ဓဘာသာသည် တစ်ချိန်က ပုံပြင်ဟောင်း တစ်ပုဒ်ကဲ့သို့ မလွဲဧကန်ဖြစ်လာပေလိမ့်မည်။

တန်ဇင်းဒမ်ဒူလ်က ရှီအစိုးရမှဆောင်ရွက်သော ခေါင်းဆောင်မှုဆိုင်ရာ အပြောင်းအလဲများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်အများအပြားကို ကိုးကားလျက် ဖြစ်နိုင်ခြေမြင့်မားကြောင်း Tibet Rights Collective (TRC) တွင် ရေးသားထားသည်။

ရှီကျင့်ဖျင် တရုတ်နိုင်ငံသမ္မတဖြစ်လာပြီးနောက်တွင် တိဗက်ရှိ ဗုဒ္ဓဘာသာအပေါ် CCP ၏ အမြင်နှင့် မူဝါဒများ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကာ မကြာသေးမီအချိန်က အစိုးရမှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့သည်။

ရှီ၏လက်ထက်၌ CCP သည် ဘာသာရေးအသိုက်အဝန်းကို နှစ်သက်မှုမရှိသော်လည်း အမိန့်နာခံစေရန် အကြောက်တရားကို အသုံးပြုသည့် ရက်စက်သောအုပ်ချုပ်မှုနည်းလမ်းနှင့်များစွာ ဆင်တူသော ဖိနှိပ်သော နည်းလမ်းကို ကျင့်သုံးခဲ့သည်။

ထို့နောက် အခိုင်အခံ့ရှိသော ဗုဒ္ဓဘာသာအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့သည်။

ဘုန်းတော်ကြီးများက ယုံကြည်ရာ ကိုးကွယ်ကြရာတွင် ဆိုးရွားသောအအခြေအနေများနှင့်ကြုံတွေ့ရပြီး ထိုသို့ အာဏာရှင်ဆန်သော စီမံချက်များကြောင့် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်းတွင် ဘုန်းကြီးအများအပြားက ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေကာ ဆန္ဒပြခဲ့ကြသည်။

တရုတ်တွင် သမ္မတရှီ အာဏာမြဲမြံလာပြီး အာဏာရှင်စနစ်ခေတ်အဖြစ် အချက်ပြလာသည့် ၂၀၂၁ ခုနှစ်တွင် တိဗက်၌ ဗုဒ္ဓဘာသာကို ပြိုပျက်စေသည့်စီမံကိန်းသည် အရှိန်ထပ်ရလာသည်ဟု TRC က ဖော်ပြသည်။

သမ္မတရှီက အာဏာကိုဆုပ်ကိုင်ချိန်မှစ၍ CCP သည် တိဗက်ဘာသာရေးကို အမြစ်ဖြတ်ခြင်းနှင့် တရုတ်လက္ခဏာ အသွင်ပြောင်းခြင်းဟူသော နည်းလမ်းနှစ်သွယ်ကို ကျင့်သုံးခဲ့သည်။ တစ်ခုမှာ ဗုဒ္ဓဘာသာအဆောက်အအုံများကို ဖျက်စီးခြင်းနှင့် နောက်တစ်ခုမှာ ကပ်ရောဂါကာလအတွင်း

ခေတ်စားလာသော အွန်လိုင်းစနစ်ဖြင့် သင်ကြားခြင်း အပါအဝင် ဗုဒ္ဓဘာသာသင်ကြားပေးသော အဖွဲ့အစည်းများကို အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly