တရုတ်နှင့် သဘောတူစာချုပ်ကို ပယ်ချခဲ့သည့် ပစိဖိတ်ကျွန်းနိုင်ငံများကို အမေရိကန်က ကူညီထောက်ပံ့မည်ဟု ပြောကြား

တရုတ်နှင့် သဘောတူစာချုပ်ကို ပယ်ချခဲ့သည့် ပစိဖိတ်ကျွန်းနိုင်ငံများကို အမေရိကန်က ကူညီထောက်ပံ့မည်ဟု ပြောကြား

တရုတ်နှင့် သဘောတူစာချုပ်ကို ပယ်ချပြီးနောက် ပစိဖိတ်နိုင်ငံများကို ထောက်ခံအားပေးမည်ဟု အမေရိကန် က ဇွန် ၇ရက်တွင် ကတိပြုခဲ့သလို တရုတ်၏ ကမ်းလှမ်းမှုများမှာလည်း ပွင့်လင်းမြင်သာမှု မရှိကြောင်းကို ဖော်ပြနေ သည်ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်အတွက် အဓိက သံတမန်ရေးအရ မအောင်မြင်မှုအဖြစ် ပစိဖိတ်ကျွန်းနိုင်ငံ ၁၀ နိုင်ငံက ယင်းတို့အား တရုတ်၏ သြဇာစက်ကွင်းအတွင်း ဆွဲသွင်းမည့် အဆိုပြုချက်ကို ဇွန်လ ၆ရက်တွင် ပယ်ချခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နေးပရိုက်က သြစတြေးလျကဲ့သို့ပင် အမေရိကန်က ဒေသ တွင်း ဝေဝါးသောသဘောတူညီချက်တစ်ရပ်ကို တရုတ်က ကမ်းလှမ်းထားသည့်အတွက် စိုးရိမ်ကြောင်းကို ရှင်းရှင်းလင်းလင်း ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်၏ ပြောကြားချက်နှင့် အညီဖြစ်စေရန်၊ ပရိုက်က ဝင့်ကြွား စွာ ထုတ်ဖော်ခဲ့ခြင်းမဟုတ်သော်လည်း ပစိဖိတ်ကျွန်းနိုင်ငံများသည် 'ကိုယ်ပိုင် အချုပ်အခြာအာဏာပိုင် ဆုံးဖြတ်ချက်များ' ချမှတ်ရမည်ဟု ပြောကြားခဲ့သည်။

'ကျွန်တော်တို့ရဲ့ ပြည်သူတွေအတွက် ကြောင်းကျိုးချမ်းသာဆောင်ရွက်ပေးဖို့ အတူတကွ လုပ်ဆောင်ခြင်း အပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင်း မိတ်ဖက်တွေနဲ့ ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းအောင်လုပ်ဆောင်ဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်' ဟု ပရိုက်က သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖီဂျီ၊ ဆာမိုအာနှင့် ဆော်လမွန်ကျွန်းစု ခရီးစဉ်များကို သတင်းရယူသည့် သတင်းထောက်ထားများ၏ မေးမြန်းမှုများကို ခွင့်ပြုရန် ငြင်းဆိုခြင်း အပါအဝင် ကိစ္စရပ်များကို ပရိုက်က မီးမောင်းထိုးပြခဲ့သည်။

ဒေသတွင်းရှိ အရာရှိများအား ၎င်းတို့၏ နိုင်ငံများတွင် သတင်းထောက်များနှင့် တွေ့ဆုံခြင်းမပြုရန် တားဆီးရန် အထိ တရုတ်က ကြိုးပမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပစိဖိတ်ကျွန်းနိုင်ငံများ၏ ရဲများကို လေ့ကျင့်မှုပိုမိုပေးရန်၊ ထိလွယ်ရှလွယ်သော ပင်လယ်ရေကြောင်း မြေပုံရေး ဆွဲခြင်းနှင့် သဘာဝအရင်းအမြစ်များကို  ပိုမိုအသုံးချခွင့်ရမည့် သဘောတူစာချုပ်ကို တရုတ်က အဆိုပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly