တရုတ်၏ အင်ဒို-ပစိဖိတ် သြဇာတိုးချဲ့ထွင်ရေး ရည်မှန်းချက်များကို Quad တိုက်ဖျက်မည်

တရုတ်၏ အင်ဒို-ပစိဖိတ် သြဇာတိုးချဲ့ထွင်ရေး ရည်မှန်းချက်များကို Quad တိုက်ဖျက်မည်

အင်ဒို-ပစိဖိတ် ရေ ကြောင်းပိုင်နက် သတိပြုရေး (IPMDA) ဟု အမည်ပေးထားသည့် ပင်လယ်ရေကြောင်းဆိုင်ရာ အစီအစဉ်သစ်၏ ပံ့ပိုးမှုဖြင့် ၄ နိုင်ငံပါဝင်သော Quad သည် တောင်နှင့် အရှေ့တရုတ်ပင်လယ်ရှိ တရုတ်၏ သြဇာ ချဲ့ထွင် ရေးရည်မှန်းချက်များကို တိုက်ဖျက်ရန် လေ့လာကြည့်ရှုနေပြီး ယင်းဒေသတွင် တရုတ်သည် လျှိုဝှက် ကျယ်ပြန့်စွာတရားမဝင် ငါးဖမ်းလေ့ရှိသည်” ဟု ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော လူ့အခွင့် အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်(IFFRAS) က ဖော်ပြခဲ့သည်။

အဖွဲ့ဝင်များက အမည်တပ်မပြောသော်လည်း မကြာသေးမီအချိန်များက အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အတွင်းရှိ ရေပိုင်နက်ဆိုင်ရာ အချုပ်အခြာအာဏာဆိုင်ရာ မေးခွန်းထုတ်မှုများအပေါ် စိုးရိမ်ပူပန်မှု များကြောင့် ယင်းရေကြောင်းပဏာမခြေလှမ်း၏ ပစ်မှတ်မှာ သံသယဖြစ်ဖွယ်မရှိပေ။

Quad အဖွဲ့ဝင်နိုင်ငံများကြားတွင် ထူထောင်ထားသည့် ဆက်သွယ်ရေးစနစ်သည် အင်ဒို-ပစိဖိတ်ဒေသရှိ တရုတ် ၏ နိုင်ငံရေး၊ စစ်ရေးနှင့် အဟန့်အတားမရှိသော စီးပွားရေးဆိုင်ရာ စီးဆင်းမှုများကို စောင့်ကြည့် စစ်ဆေးနိုင် မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်များကို ချိုးဖောက်ခြင်းအပေါ် တရုတ်၏ ဗျူဟာမြောက် ပြင်းထန်သော သဘောထားကြောင့် ပစိဖိတ်ရေပြင်တွင် တရုတ်၏တရားမဝင် ချဲ့ထွင်မှုသည် စိုးရိမ်စရာအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

တရုတ်ရေကြောင်းပြည်သူ့စစ်များ၏ တရားမဝင် ငါးဖမ်းခြင်းသည် တသီးတခြားဖြစ်နေသည့် ကိစ္စရပ်မဟုတ်ပေ။ တရုတ်က သံသယဖြစ်ဖွယ် စစ်ဆင်ရေးများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ ငါးဖမ်းခြင်းမပြုရန် တားမြစ်ထားသည့် တရုတ်၏ လုပ်ဆောင်ချက်သည် အငြင်းပွားနေသော ရေပိုင်နက်အတွင်း အဆိုပါနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့သည်။

တရုတ်၏ တရားမဝင်နှင့် လျှို့ဝှက်စွာ ကျယ်ပြန့်သော ရေကြောင်းသွားလာလှုပ်ရှားမှုများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ရန် အားလုံးက တောင်းဆိုထားသည်။

ဗီယက်နမ်၏ တရားစီရင်ပိုင်ခွင့်နှင့် အချုပ်အခြာအာဏာပိုင်အခွင့်အရေးများကို လေးစားလိုက်နာရန် တရုတ်ကို ယခင်က တောင်းဆိုခဲ့သော်လည်း တရုတ်၏ အာဏာရှင်ဆန်သည့် လုပ်ရပ်ကို ဗီယက်နမ်အစိုးရက ရှုတ်ချခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် တရုတ်က ငါးဖမ်းခွင့်ပိတ်ပင်မှုကို ပယ်ချခဲ့ပြီး ယင်းကို တရားမဝင်ဟု ယူဆကာ တရုတ်နိုင်ငံသားများအား ဗီယက်နမ်ပင်လယ်ရေပိုင်နက်အတွင်း ကန့်သတ်ထားသော ငါးဖမ်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly