တရုတ်ကွေ့ကျိုးပြည်နယ်တွင် ကျည်ဆန်ရထား လမ်းချော်မှုကြောင့် ရထားမောင်း သေဆုံးပြီး အများအပြား ဒဏ်ရာရ

တရုတ်ကွေ့ကျိုးပြည်နယ်တွင် ကျည်ဆန်ရထား လမ်းချော်မှုကြောင့် ရထားမောင်း သေဆုံးပြီး အများအပြား ဒဏ်ရာရ

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်တွင် ရွှံ့မြေပြိုမှုကြောင့် ကျည်ဆန်ရထားတစ်စင်း၏ ရထားတွဲ ၂ တွဲလမ်းချော် ခဲ့သဖြင့် ရထားမောင်း သေဆုံးခဲ့ပြီး ခရီးသည် ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျည်ဆန်ရထား D2809 သည် အနောက်တောင်ပိုင်း ပြည်နယ်ကွေ့ယန်မှ တောင်ပိုင်းပြည်နယ် ကွမ်ကျိုးသို့ ပြေးဆွဲသည့် ရထားဖြစ်သည်။

'အနောက်တောင်ပိုင်း ပြည်နယ်ကွေ့ယန်မှ တောင်ပိုင်းပြည်နယ် ကွမ်ကျိုးသို့ ပြေးဆွဲနေသည့် D2809 ရထား မှ တွဲ ၂ တွဲသည် ဇွန် ၄ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရွှံ့မြေပြိုမှုကြောင့် ကွေ့ကျိုးရှိ ဘူတာရုံတစ်ခု၌ လမ်းချော်သွားခဲ့သည်။ ရထားမောင်း ၁ ဦးသေဆုံးခဲ့ပြီး တွဲစောင့် ၁ ဦးနှင့် ခရီးသည် ၇ ဦး အသက်အသက်အ န္တရာယ်မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်” ဟု တရုတ်ပြည်တွင်း မီဒီယာထုတ် Global Times ၏ တွစ်တာတွင် ဇွန် ၄ရက်က ဖော်ပြထားသည်။

အစောပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် မိုးအဆက် မပြတ်ရွာပြီး မြေပြိုခြင်းကြောင့် ရထားတစ်စင်း လမ်းချော်ခဲ့ရာ မီးရထားရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၂၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးနှင့် ပေကျင်းကို ဆက်သွယ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်းတွင် သွားလာသည့် အမြန်နှုန်းမှာ ဇွန်လတွင် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အထိ မောင်းနှင်နိုင်သည်ဟု တရုတ်မီးရထားမှ မေလ ၁၃ ရက်က ကြေညာပြီးနောက်ပိုင်းတွင် ရထားလမ်း ချော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်မီးရထားအာဏာပိုင်းများ၏ အဆိုအရ ယင်းသည် တရုတ်တွင် ယင်းအမြန်နှုန်းဖြင့် မောင်းနှင်သည့် ပဉ္စမမြောက် မြန်နှုန်းမြင့် ရထားလမ်း ဖြစ်လာမည်ဖြစ်သည်။

ဇွန် ၂၀ ရက်မှစတင်၍ တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မြို့တော် ဝူဟန်နှင့် ပေကျင်းမြို့ကို ဆက်သွယ် သည့်လမ်းပိုင်းသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် သွားလာနိုင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly