ပါကစ္စတန်၌ စီးပွားရေး ပြိုလဲကျဆင်းနေချိန် ဟင်းချက်ဆီနှင့် ထောပတ် ဈေးနှုန်းများ စံချိန်တင် မြင့်တက်

ပါကစ္စတန်၌ စီးပွားရေး ပြိုလဲကျဆင်းနေချိန် ဟင်းချက်ဆီနှင့် ထောပတ် ဈေးနှုန်းများ စံချိန်တင် မြင့်တက်

ပါကစ္စတန်အစိုးရသည် နိုင်ငံတွင် နို့ထောပတ်နှင့် ဟင်းချက်ဆီ ဈေးနှုန်းများကို မကြုံစဖူးဖြစ်သည့် ၂၀၈ ရူပီးနှင့် ၂၁၃ ရူပီးနှုန်းစီဖြင့် ဇွန် ၁ ရက်တွင် အသီးသီး မြှင့်တင်လိုက်သည်။

နိုင်ငံတွင် စီးပွားရေး အကျပ်အတည်းတစ်ခုနှင့် ဆက်လက် ရင်ဆိုင်လုံးပန်းနေရစဉ် အဆိုပါ ကြေညာချက်က ပြည်သူတို့ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေခဲ့သည်။

အဆိုပါ ဈေးနှုန်းများ တိုးမြှင့်မှုကို နိုင်ငံတွင် လက်လီဆိုင်များကို စီမံခန့်ခွဲနေသည့် နိုင်ငံပိုင်လုပ်ငန်း Utility Stores ကော်ပိုရေးရှင်း (USC) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ စားဆီနှင့် ဂီးထောပတ် ဈေးနှုန်းများသည် စံချိန်တင်မြင့်တက်ပြီး တစ်ကီလိုလျင် ၅၅၅ ရူပီးနှင့် တစ်လီတာလျင် ၆၀၅ ရူပီးတို့ ဖြစ်မည် ဖြစ်ကာ ယင်းတို့က လက်လီဈေးကွက်တွင် တစ်ကီလိုလျင် ရူပီး ၅၄၀-၅၆၀ ဖြစ်ခဲ့သည်။

“ထောပတ်နဲ့ ဟင်းချက်ဆီ ဈေးနှုန်းတွေမှာ နှုန်းထားတိုးမြှင့်တဲ့ အသိပေးချက်တစ်ရပ်ကို USC က ထုတ်ပြန်ထားပါတယ်။ အဲဒါက ဇွန်လ ၁ ရက်ကနေစပြီး အသက်ဝင်ပါမယ်” ဟု USC မှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ပါကစ္စတန် Dawn သတင်းစာက ဖော်ပြသည်။

ယင်းကဲ့သို့ ဈေးနှုန်းများ မြင့်တက်ခြင်း၏ အကြောင်းရင်းကို အသေးစိတ်ထုတ်ဖော်ထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly