ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုအမျိုးသား ၅ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ဂျဟီလမ်မြို့တွင် ကိုယ်ဝန်ရှိနေသည်ဟု ဆိုသော အမျိုးသမီးတစ်ဦး၏‌ နေအိမ်ကို လက်နက်ပါသော အမျိုးသားငါးဦးက အတင်းချိုးဖျက် ဇွတ်ဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း Daily Pakistan က ဖော်ပြသည်။

ကျူးလွန်သူ တရားခံများသည် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ပြီး ယင်းနောက် ကြိုးဖြင့်တုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပန်ဂျပ်ရဲတပ်ဖွဲ့သည် တရားခံများကို လိုက်လံ ရှာဖွေလျက် ရှိသည်။ 

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးစစ်မှု ပြီးစီးခဲ့ကြောင်းနှင့် သူမ၏ သွေးနမူနာကို မှုခင်းဆေးပညာအရ စစ်ဆေးရန် လာဟိုးမြို့သို့ ပို့ထားကြောင်း ရဲများက ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်မတိုင်မီ ပြီးခဲ့သည့်လကလည်း ကရာချိမြို့တွင် ခုတ်မောင်းနေသော ရထားတစ်စင်းပေါ်၌ အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားထားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရထားပေါ်၌ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရခြင်းက ယင်းနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး မကောင်းသည့် အခြေအနေကို ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly