တရုတ်နိုင်ငံရှိ ဝီဂါများ ဟင်းလင်းပြင် အကျဉ်းစခန်းတွင် နေထိုင်နေရ

တရုတ်နိုင်ငံရှိ ဝီဂါများ ဟင်းလင်းပြင် အကျဉ်းစခန်းတွင် နေထိုင်နေရ

တရုတ်နိုင်ငံ၌ ယခုအခါ ဝီဂါလူနည်းစုကို ဆန့်ကျင်သော ယဉ်ကျေးမှုဆိုင်ရာ မျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွား လျက်ရှိသည်။ တရုတ်အာဏာပိုင်များ၏ ပြင်းပြင်းထန်ထန် စောင့်ကြည့်မှုနှင့် ဖမ်းဆီးခြင်း သို့မဟုတ် ညှဉ်းပန်း နှိပ်စက်ခြင်းစသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော  တရုတ်နိုင်ငံအနောက်ဖျားရှိ တူရကီစကားပြောသော လူများသည် ယခုအခါ ကမ္ဘာ့ပထမဆုံး လက်တွေ့ဘဝဖြစ်သည့် ဒစ်ဂျစ်တယ်အာ ဏာရှင်စနစ်တွင် ရှင်သန်နေကြရသည်။

အလက်စကာထက် အနည်းငယ်သေးငယ်သောအကျယ်အဝန်းရှိသည့် ရှင်ကျန်းပြည်နယ်တစ်ခုလုံးကို တရုတ်ကွန်မြူနစ်ပါတီက ကြီးမားသော လဟာပြင်အကျဉ်းစခန်းအဖြစ်သို့ ပြောင်းလဲလိုက်သည်ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

စာရေးဆရာ နူရီတာကယ်က ‘လွတ်မြောက်ခြင်းမရှိ - တရုတ်၏ ဝီဂါလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်ရပ်မှန်’ ဟူသော သူ၏စာအုပ်သစ်တွင် ဝီဂါများ၏မြို့ကြီးမြို့ငယ်များရှိ ရပ်ကွက်တိုင်းတွင် ယခုအခါ ဥပဒေစိုးမိုးရေး အရာရှိများထက် ပိုမိုရက်စက်ကြမ်းကြုတ်သော အဆင့်နိမ့်ရဲအရာရှိများ တာဝန် ထမ်းဆောင်နေသည့် အလျင်အမြန်တည်ဆောက်ထားသော ရဲကင်းများရှိသည်။ ရပ်ကွက်များပတ်ပတ်လည်တွင် စစ်ဆေးရေး ဂိတ်များရှိနေပြီး
အပြင်ထွက်ချင်သူများအား မထွက်ခွါမီ အတင်းအကျပ် မျက်လုံးစကင်ဖတ်ခိုင်း၍ စစ်ဆေးသည်။

ရပ်ကွက်တစ်ခုစီတွင်လည်း မိသားစု ၁၅ စုမှ ၂၀ အထိပါဝင်သော အုပ်စုငယ်များဖြင့် ထပ်မံဖွဲ့စည်းထားပြီး တစ်ကွက်စီအတွက် စောင့်ကြည့်ကြီးကြပ်သူ တစ်ဦးခန့်ထားသည်။

ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်၊ ဝက်သားစားခြင်းကို ငြင်းဆန်ခြင်း သို့မဟုတ် ရမ်ဇာန်ဥပုသ်လအတွင်း အစာရှောင်ခြင်းကဲ့သို့သော အစ္စလာမ်ဘာသာရေးအလေ့အထများကဲ့သို့သော သံသယဖြစ်ဖွယ် သို့မဟုတ် တားမြစ်ထားသောအပြုအမူများကို အာဏာပိုင်များထံအစီရင်ခံရန် စောင့်ကြည့်သူအား တာဝန်ပေးထားကြောင်း စာရေးသူက ရေးသားထားသည်။

တနင်္လာနံနက်ခင်းများတွင်လည်း အလံတင်အခမ်းအနားများရှိပြီး မဖြစ်မနေတက်ရသည်။

ကွန်မြူနစ်တရုတ်အလံလွှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် ပါတီတာဝန်ရှိသူများက ပါတီနှင့် အထွေထွေ အတွင်းရေးမှူးချုပ်ရှီကျင့်ဖျင်၏ ကြီးမြတ်မှုနှင့် ရှီကျင့်ဖျင်မှတစ်ပါး တခြားသူများအား ယုံကြည်မှုကို ဝီဂါများ အနေဖြင့် စွန့်လွှတ်ရန် လိုအပ်သည့်အကြောင်း ကြွေးကြော်ရွတ်ဆိုကြသည်ဟု ဝီဂါတိုင်းရင်းသားဖြစ်သည့် စာရေးဆရာ တာကယ်က ရေးသားထားသည်။

ဝီဂါများအနေဖြင့် တစ်ချိန်က ၎င်းတို့မွေးရပ်မြေဖြစ်ခဲ့သည့် အကျဉ်းထောင်ကြီးမှ လွတ်မြောက်ရန် မလွယ်ကူလှပေ။ ဒေသတွင်း မွတ်စလင်နိုင်ငံများကလည်း ဘာသာတူသူများ၏ အတိဒုက္ခကို ကိုယ်ချင်းစာရမည့်အစား ထွက်ပြေးလာသောဝီဂါများကို တရုတ်သို့ပြန်ပို့ပေးလိုကြသည်။ 

ဝီဂါများသည် တရုတ်ပြန်ရောက်ပါက ထွက်ခွါခဲ့မှုအတွက် ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် ကွပ်မျက်ခံရခြင်းအထိပါ ရင်ဆိုင်ရနိုင်သည်။ 

ရေနံဖြင့်ချမ်းသာကြွယ်ဝနေသော အာရပ်နိုင်ငံများပင် တရုတ်၏လက်တုံ့ပြန်ဖွယ်ရှိသည့် အမျက်ဒေါသကို ကြောက်ရွံ့နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly