အိန္ဒိယက တရုတ်ကုမ္ပဏီများ၏ ဘဏ္ဍာရေး မသမာမှုစွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုအသစ်များပြုလုပ်

အိန္ဒိယက တရုတ်ကုမ္ပဏီများ၏ ဘဏ္ဍာရေး မသမာမှုစွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုအသစ်များပြုလုပ်

ZTE နှင့် Vivo Mobile Communications အိန္ဒိယဌာနခွဲများ အပါအဝင် တရုတ်ကုမ္ပဏီများကို ဘဏ္ဍာရေး မသမာမှုစွပ်စွဲချက်များနှင့် ပတ်သက်ပြီး အိန္ဒိယက စုံစမ်းစစ်ဆေးမှုများအပေါ် များစွာစိုးရိမ်ကြောင်း တရုတ်က ပြောကြားလိုက်သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုများသည် အခွန်ရှောင်မှုအတွက် Xiaomi (1810) ကို အိန္ဒိယက ဒဏ်ရိုက်ပြီးနောက် တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အိန္ဒိယကော်ပိုရိတ်ရေးရာဝန်ကြီးဌာနက စာရင်းစစ်အစီရင်ခံစာများကို စိစစ်မည်ဖြစ်ပြီး လိမ်လည်မှုအပါအဝင် ဖြစ်နိုင်ချေရှိသော ချိုးဖောက်မှုများကို ညွှန်ပြသည့် အမည်မဖော်လိုသည့်ရင်းမြစ်များမှ ပေးပို့သည့် အချက်အလက်များကို လက်ခံရရှိထားကြောင်း အချက်အလက်များက ဖော်ပြနေသည်။

အာဏာပိုင်များက ZTE ၏ စာရင်းစာအုပ်များကို လေ့လာရန်နှင့် တွေ့ရှိချက်များကို 'အရေးကြီး အကြောင်းအရာ' အဖြစ် တင်သွင်းရန် ပြောကြားထားချိန်တွင် Vivo ၏ ကိစ္စရပ်တွင်၊ 'ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်းတွင် သိသာ ထင်ရှားသော မူမမှန်မှုများ' ရှိမရှိရှာဖွေရန် စုံစမ်းရေးကော်မရှင်က ဧပြီလတွင် ရှာဖွေမှုများပြုလုပ်ခဲ့သည်။

နှစ်နိုင်ငံအငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး တိုက်ပွဲများ ဖြစ်ပွားနေ ချိန်တွင် အိန္ဒိယက တရုတ်အခြေစိုက် ကုမ္ပဏီများကို စိစစ်မှုများတင်းတင်းကျပ်ကျပ် ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly