ကုလသမဂ္ဂတွင် ရှင်ကျန်းအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို တရုတ် ပယ်ချ

ကုလသမဂ္ဂတွင် ရှင်ကျန်းအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို တရုတ် ပယ်ချ

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်အနောက်မြောက်ပိုင်းပြည်နယ်ကို လွတ်လွတ်လပ်လပ် ဝင်ရောက် ခွင့်ပေးရန် အမေရိကန်နှင့် ဗြိတိန်တို့က တရုတ်ကို တောင်းဆိုပြီးနောက် ရှင်ကျန်းပြည်နယ်တွင် လူ့အခွင့် အရေးချိုးဖောက်မှုများရှိနေသည်ဟူသော စွပ်စွဲချက်များကို တရုတ်က ပယ်ချခဲ့သည်။

'အမေရိကန်နဲ့ ဗြိတိန် ကိုယ်စားလှယ်တွေရဲ့ ထုတ်ပြန်ချက်ထဲမှာ တရုတ်အပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် တွေကို တရုတ်က ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်ဆိုတာကို ထောက်ပြချင်ပါတယ်' ဟု ကုလသမဂ္ဂ ဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် ဒိုင်ပင်းက လုံခြုံရေးကောင်စီတွင်
နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ ခိုင်မာရေးနှင့် ပတ်သက်ပြီး အဖွင့်ဆွေးနွေးငြင်းခုံမှု ပြောကြားခဲ့သည်။

'ဆိုရိုးစကားအတိုင်း လိမ်ညာမှုတစ်ခုကို ဖုံးကွယ်ဖို့ဆိုရင် လိမ်လည်မှု ၁၀ဝဝ လိုအပ်ပါတယ်' ဟု ဆင်ဟွာမှ ဒိုင်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

'ရှင်ကျန်းမှာ 'လူမျိုးတုံးသတ်ဖြတ်မှု' ဒါမှမဟုတ် 'အဓမ္မစေခိုင်းမှု' စွပ်စွဲချက်တွေက ပြောင်လိမ်တဲ့ စကားတွေ ဖြစ်ပါတယ်။”

ရှင်ကျန်းတွင် အဓမ္မလုပ်အားစေခိုင်းမှု စွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို အမေရိကန်နှင့် အခြားနိုင်ငံများမှ တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် ဗြိတိန်တို့က ရှင်ကျန်းနှင့်ပတ်သက်၍ ယင်းတို့၏ အလိမ်အညာများအား နိုင်ငံတကာ အသိုင်း အဝိုင်းက တွေ့မြင်သွားမည်ကို စိုးရိမ်နေကြောင်း ဒိုင်က အခိုင်အမာဆိုခဲ့သည်။

'အမေရိကန်နဲ့ ဗြိတိန်တို့က ဖြန့်ဝေထားတဲ့ လိမ်လည်မှုအတိုင်းအတာက ရှင်ကျန်းရဲ့ တည်ငြိမ်မှုနဲ့ သာယာဝ ပြောမှု အစစ်အမှန်အချက်အလက်တွေကို မငြင်းဆန်နိုင်ဘဲ ပြည်သူတွေက ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင် လုပ်ကိုင်နေကြပါတယ်' ဟု ဒိုင်က အလေးအနက် ပြောကြားခဲ့သည်။

ဝီဂါ၊ တာကစ်နှင့် တခြားမွတ်စလင်လူနည်းစုများအပါအဝင် လူနည်းစုများကို ရှင်ကျန်းတွင် အကွက်ကျကျ အဓမ္မစေခိုင်းမှုနှင့် ပတ်သက်ပြီး သတင်းများ ဆက်လက် ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေလ ၂ရက်တွင် အမေရိကန်နှင့် ဗြိတိန်တို့က များစွာစိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အတိုင်းအတာနှင့် ပြင်းထန်မှုတို့ကို ဖော်ပြရန် တရုတ် အစိုးရ၏ စာရွက်စာတမ်းများအပါအဝင် အထောက်အထားအသစ်များ ဆက်လက်ထွက်ပေါ်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required