ကမ္ဘောဒီးယားတွင် တရုတ်က စစ်ဘက်ဆိုင်ရာ အဆောက်အအုံ လျှို့ဝှက်တည်ဆောက်နေ

ကမ္ဘောဒီးယားတွင် တရုတ်က စစ်ဘက်ဆိုင်ရာ အဆောက်အအုံ လျှို့ဝှက်တည်ဆောက်နေ

တရုတ်က ကမ္ဘောဒီးယားတွင် စစ်ဘက်အသုံးပြုရန် ရေတပ်စခန်းတစ်ခု တည်ဆောက်နေပြီး ပင်လယ်ရပ်ခြား တွင် ဒုတိယမြောက် အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်နေခြင်းဖြစ်သလို မဟာဗျူဟာမြောက် အရေးပါသည့် အင်ဒို-ပစိဖိတ်ဒေသတွင် ပထမဆုံး စခန်းလည်းဖြစ်သည်။

အဆိုပါ စစ်အခြေစိုက်စခန်းသည် ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယားနိုင်ငံ ရီအန်ရေတပ်စခန်း၏ မြောက်ဘက်ပိုင်းတွင် ထားရှိမည်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အရှေ့အာဖရိကရှိ ဂျီဂူဒီနိုင်ငံတွင် ရေတပ်စခန်းတည်ဆောက်ပြီးနောက် ယခုအချိန်တွင် တရုတ်၏ တစ်ခုတည်း သော တခြားနိုင်ငံခြားစစ်အခြေစိုက်စခန်းဖြစ်သည်။

ထိုကဲ့သို့သော အခြေစိုက်စခန်းများသည် စစ်ဒေသရပ်ဝန်းတွင် စစ်အင်အားများ ဖြန့်ကျက်ချထားခြင်းနှင့် အမေရိ ကန်စစ်တပ်ကို ထောက်လှမ်းစောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။

ရေတပ်အခြေစိုက်စခန်းသစ်သည် ကမ္ဘာတစ်ဝန်းတွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ကွန်ရက်တစ်ခု တည်ဆောက်ရန် တရုတ်၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်မှန်သော ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်လာရန် ရည်မှန်းချက်များကို ပံ့ပိုးကူညီရန်ဖြစ်ကြောင်း သတင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ရေတပ်သင်္ဘောကြီးများ လက်ခံနိုင်သည့် အခြေစိုက်စခန်းတစ်ခုရှိခြင်းက ဒေသတွင်း၌ ယင်း၏ သြဇာလွှမ်းမိုးမှု ကို တိုးချဲ့ရေးရည်မှန်းချက်အတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အမေရိကန် အရာရှိများနှင့် လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

'အင်ဒို-ပစိဖိတ်ဒေသကို တရုတ်ရဲ့ မှန်ကန်သင့်တော်ပြီး သမိုင်းဝင်သြဇာလွှမ်းမိုးမှုနယ်ပယ်အဖြစ် ရှုမြင်ထားတဲ့ တရုတ်ခေါင်းဆောင်တွေအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်တို့ အကဲဖြတ်ပါတယ်' ဟု အနောက်နိုင်ငံမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်က အခြေစိုက်စခန်းအား တရုတ်စစ်တပ်ကို အသုံးပြုခွင့်ပေးရေးအတွက် လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်နှင့် မဟာမိတ်အရာရှိများကို ကိုးကား၍ Wall Street Journal က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly