အာဖဂန်တော်လှန်ရေးတပ်ဦးနှင့် အိုက်စစ်အဖွဲ့တို့က တာလီဘန်တို့ကို အရှိန်မြှင့်တိုက်ခိုက်လိမ့်မည်ဟု ကုလ ပြော

အာဖဂန်တော်လှန်ရေးတပ်ဦးနှင့် အိုက်စစ်အဖွဲ့တို့က တာလီဘန်တို့ကို အရှိန်မြှင့်တိုက်ခိုက်လိမ့်မည်ဟု ကုလ ပြော

အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) နှင့် အိုက်စစ် (ISIS) အဖွဲ့တို့သည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့အပေါ် ၎င်းတို့၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်သွားကြလိမ့်မည် ဖြစ်ပြီး ထိုအဖွဲ့များသည် အာဖဂန်နစ္စတန်တွင် ၎င်းတို့၏ ထိန်းချုပ်မှုကို ခိုင်မာတောင့်တင်းစေရန် ကြိုးပမ်းနေကြကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကို ကိုးကားပြီး အာဖဂန်မီဒီယာများက ဖော်ပြသည်။

ယခင်အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြောက်ကျားတိုက်ခိုက်မှုများနှင့် အိုက်စစ်အဖွဲ့တို့က တာလီဘန်တို့အတွက် အဓိက ခြိမ်းခြောက်မှုများ ဖြစ်နေခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ထို့ပြင် အယ်လ်ကိုင်ဒါအဖွဲ့သည် တာလီဘန်၏ အထောက်အပံ့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ၂၀၂၃ ခုနှစ်အထိ နိုင်ငံတကာ တိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း ယင်းသတင်းတွင် ဖော်ပြပြီး တာလီဘန်တို့၏ အယ်လ်ကိုင်ဒါနှင့်အကြား ခိုင်မာသည့် ဆက်ဆံရေးကို ရည်ညွှန်းပြောဆိုခဲ့သည်။

တာလီဘန်တို့သည် အဖွဲ့၏ နာမည်ပျက်စာရင်းတွင် ပါနေသည့် အလိုရှိနေသော နိုင်ငံတကာ ပြစ်မှုကျူးလွန်သူ ၄၁ ဦးထက်မနည်းကို ခေါ်ယူအားဖြည့်ထားပြီး အရေးပါသော နေရာများကို ပေးထားသည်ဟု ကုလကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြောင်း Khaama Press က ဖော်ပြသည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်၏ ပြဿနာများကို ဖြေရှင်းရန် သတိပြုမိခြင်းမရှိဘဲ အာဏာနှင့် ပတ်သက်၍သာ စိုးရိမ်ပူပန်နေကြောင်း ကုလသမဂ္ဂက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly