တရုတ်နိုင်ငံကျန်းရှီးပြည်နယ်၌ မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၈၀၀ ၀၀၀ ကျော်ထိခိုက်

တရုတ်နိုင်ငံကျန်းရှီးပြည်နယ်၌ မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၈၀၀ ၀၀၀ ကျော်ထိခိုက်

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်၌ ဇွန် ၆ ရက်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဒဏ်ကို လူပေါင်း ၈၀၀ ၀၀၀ ကျော် ကြုံတွေ့ခဲ့ရသည်။

မေ ၂၈ ရက်မှစ၍ မိုးသန်းထန်စွာရွာသွန်းမှုနှင့် မိုးကြောင့်ဖြစ်သော ရေလွှမ်းမိုးမှုတို့ကြောင့် ပြည်နယ်အတွင်းရှိ ကောင်တီပေါင်း ၈၀ တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

သီးနှံစိုက်ပျိုးမြေဟက်တာပေါင်း ၇၆ ၃၀၀ ပျက်စီးခဲ့ပြီး ယွမ်တန်ဖိုး ၁ ဒသမ ၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၄ သန်း) တန်ဖိုးရှိ စီးပွားရေးဆုံးရှုံးမှုများဖြစ်ခဲ့သည်ဟု ပြည်နယ်ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှား ကယ်ဆယ်ရေးဌာနချုပ်က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့သောကြောင့် ပြည်နယ်သည် ဇွန် ၇ ရက် မနက် ၁၀ နာရီတွင် အဆင့် ၄ ရေလွှမ်းမိုးမှုထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို ရုပ်သိမ်းခဲ့သည်။

မိုးသက်မုန်တိုင်းအတွက် အဝါရောင်သတိပေးချက်ကိုလည်း နိုင်ငံ့အနှံ့အပြားတွင် ဇွန် ၇ ရက်က ထပ်မံထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် လိမ္မော်ရောင်၊ အဝါရောင်၊ အပြာရောင်နှင့် အနီရောင်စသဖြင့် အရောင်ဖြင့်မိုးလေဝသ သတိပေးချက် အဆင့် ၄ ဆင့်ရှိပြီး အနီရောင်သည် အပြင်းထန်ဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly