အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏အစီရင်ခံစာတွင် တိဗက်ဗုဒ္ဓဘာသာအပေါ် တရုတ်၏ ညှင်းပန်းနှိပ်စက်မှုကို အလေးထားဖော်ပြ

By The Print
07 June 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏အစီရင်ခံစာတွင် တိဗက်ဗုဒ္ဓဘာသာအပေါ် တရုတ်၏ ညှင်းပန်းနှိပ်စက်မှုကို အလေးထားဖော်ပြ

တရုတ်သည် ဗုဒ္ဓဘာသာဝင်များ၏ ဝတ်ပြုရာနေရာများကို ဖျက်ဆီးခြင်းနှင့်တိဗက်ဗုဒ္ဓဘာသာများ ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံမှုများအပါအဝင် တရုတ်ကွန်မြူနစ်ပါတီအယူဝါဒနှင့် မကိုက်ညီဟု ယူဆသော ဘာသာတရားကိုးကွယ်နေသူများကို ညှင်းပန်းနှိပ်စက်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ၂၀၂၁ ခုနှစ်၏ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဘလင်ကန်က ဇွန် ၂ ရက်တွင် နိုင်ငံခြားရေးဌာနတွင် ယင်းမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး ရာရှက်ဟူစိန်ကလည်း အဓိကအစီရင်ခံစာ ထုတ်ပြန်စဉ်တွင် မှတ်ချက်ပြုပြောဆိုခဲ့သည်။

တိဗက်ရေးရာနိုင်ငံတကာလှုပ်ရှားမှု (ICT) ၏ အဆိုအရ အစိုးရအများအပြားသည် ဘာသာရေး လေ့လာလိုက်စားသူများကို နှိပ်ကွပ်ရန် ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပဒေများကို အသုံးပြုသည်ဟု ဟူစိန်က မှတ်ချက်ပြုခဲ့သည်။

“တရုတ်က တိဗက်ဗုဒ္ဓဘာသာတွေကို ဆက်လက်နှိပ်ကွပ်နေပါတယ်။ အာဏာပိုင်တွေက ဘာသာစကား နဲ့ယဉ်ကျေးမှုကိုမြှင့်တင်တဲ့သူ ဒလိုင်းလားမားရဲ့ ရုပ်ပုံနဲ့ အရေးအသားတွေရှိတဲ့သူနဲ့ ဘုန်းကြီးကျောင်း သွားရောက် ဝတ်ပြုတဲ့ တိဗက်တွေကို ဖမ်းဆီး နှိပ်စက်ပြီး ညှင်းပန်းမှုတွေရှိပါတယ်” ဟု ဟူစိန်ကပြောသည်။

တရုတ်သည် တိဗက်ကို နှစ်ပေါင်း ၆၀ ကျော် တရားမဝင်သိမ်းပိုက်ထားပြီး တောင်ဆူဒန်နှင့် ဆီးရီးယားကဲ့သို့ လွတ်လပ်မှုအနည်းဆုံးနိုင်ငံအဖြစ် ပြောင်းနေသည်ဟု စောင့်ကြည့်လေ့လာရေးအဖွဲ့ Freedom House မှ ပြောကြားခဲ့သည်။

ICT ၏ အဆိုအရ တရုတ်အာဏာပိုင်များသည် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် တခြားတိဗက်ဗုဒ္ဓဘာသာစင်တာများ မှတ်ပုံတင်ခြင်းကို ထိန်းချုပ်ရန် စည်းမျဉ်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

တရုတ်အစိုးရသည် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့်တခြားအဖွဲ့အစည်းများ၏ အရွယ်အစားကို ဆက်လက်ကန့်သတ်ထားပြီး ဘုန်းကြီးကျောင်းများမှ ဘုန်းကြီးများနှင့်သီလရှင်များကို နှင်ထုတ်ရန် ၂၀၁၆ ခုနှစ် က လှုပ်ရှားမှုစတင်ခဲ့သည်ဟု ဆိုသည်။

ဒလိုင်းလားမားနှင့် တိဗက်ဗုဒ္ဓဘာသာအများစုက ၁၁ ဆက်မြောက် ပန်ချန်လားမားအဖြစ် အသိအမှတ်ပြု ထားသော ဂတ်ဟန်ချိုကီညီမာသည် တရုတ်အာဏာပိုင်များကြောင့် ၁၉၉၅ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး မည်သည့်နေရာတွင် ရှိသည်ကို မသိရဘဲ ၎င်းဖြစ်ရပ်မှာ တရုတ်၏ အဆိုးဆုံး ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုဖြစ်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required