တရုတ်၏ ငါးဖမ်းခွင့်ပိတ်ပင်မှုနှင့် ပတ်သက်ပြီး အမေရိကန်က ဖိလစ်ပိုင်ကို ထောက်ခံ

တရုတ်၏ ငါးဖမ်းခွင့်ပိတ်ပင်မှုနှင့် ပတ်သက်ပြီး အမေရိကန်က ဖိလစ်ပိုင်ကို ထောက်ခံ

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်က တစ်ဖက်သတ် ကြေညာထားသော ရာသီအလိုက် ငါးဖမ်းချက်တားမြစ်မှုအား ပြစ်တင်ဝေဖန်ခဲ့သည့် ဖိလစ်ပိုင်ကို အမေရိကန်က ဇွန် ၂ ရက်တွင် ထောက်ခံလိုက်သည်။

တရုတ်၏ တောင်းဆိုချက်များကို ပယ်ချခဲ့သလို အမေရိကန်မဟုတ်ဘဲ တရုတ်က သဘောတူထားသော ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ပတ်သက်ပြီး သည်ဟိတ်မြို့ရှိ တရားရုံက ၂၀၁၆ခုနှစ်က ချမှတ်ခဲ့သော စီရင်ချက်ကို အမေရိကန်နိုင်ငံခြားရေးဌာနက ထောက်ပြခဲ့သည်။

'တောင်တရုတ်ပင်လယ်မှာ PRC ရဲ့ တစ်ဖက်သတ် ငါးဖမ်းမှု ဆိုင်းငံ့ထားမှုက ၂၀၁၆ခုနှစ် အနုညာတခုံရုံးရဲ့ စီရင်ချက်၊ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီပါဘူး' ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နိပရိုက် က တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွက် အတိုကောက်သုံး၍ တွစ်တာတွင် ရေးသားခဲ့သည်။

''နိုင်ငံတကာဥပဒေအရ ယင်းရဲ့တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ PRC ကို မိမိတို့ တောင်းဆိုပါတယ်။” အမေရိကန်၏ သဘောတူညီချက်အရ မဟာမိတ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် ငါးဖမ်းခြင်းအား တစ်ဖက်သတ် တားမြစ်ပိတ်ပင်ခြင်းအားကြေညာခြင်းအပြင် တရုတ်ကမ်းခြေစောင့်တပ်၏ အဏ္ဏဝါ သုတေသန သင်္ဘော တစ်စင်း၏ နှောင့်ယှက်မှုစွပ်စွဲချက်နှင့်ပတ်သက်၍ တရုတ်သံတမန်တစ်ဦးကို ဇွန် ၂ရက်က ဆင့်ခေါ်ခဲ့သည်။

အဓိက ငါးအများအပြားရှိသည့်နေရာ တွင် ငါးအလွန်အကျွံဖမ်းခြင်းကြောင့် ရေရှည်တည်တံ့သော ပင်လယ်ရေနေဘဝ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ထောက်ပြပြီး တရုတ်က နွေရာသီတွင် ငါးဖမ်းခြင်းကို တားမြစ်ကြောင်း နှစ်စဉ်ကြေညာခဲ့သည်။

သို့သော် ယင်းလုပ်ရပ်များသည် အချုပ်အခြာအာဏာနှင့်ပတ်သက်သည့် အငြင်းပွားမှုများ အမြဲတမ်း ရှိနေခဲ့ပြီး တောင်တရုတ်ပင်လယ်၏ ကျယ်ပြောလှသော အစိတ်အပိုင်းကို တရုတ်က ပိုင်ဆိုင်ကြောင်း အတင်းအကျပ် ပြောကြားနေခြင်းကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အခြားအရှေ့ တောင်အာရှနိုင်ငံများနှင့် ကာလကြာရှည် သဘောထားကွဲလွဲနေသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly