ပါကစ္စတန် ဘာလိုချီစတန်၌ ၁၉၉၈ ခုနှစ် နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့သည့် လုပ်ဆောင်ချက်အပေါ် ဒေသခံ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

By Zee5
06 June 2022
ပါကစ္စတန် ဘာလိုချီစတန်၌ ၁၉၉၈ ခုနှစ် နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့သည့် လုပ်ဆောင်ချက်အပေါ် ဒေသခံ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်က နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းပြည်နယ်၏ ချာဟိုင်းဒေသမှ ဒေသခံပြည်သူများ ယနေ့အချိန်အထိ အနာ ရောဂါနှင့် အခြားပြဿနာများဒဏ် ခံစားနေရခြင်းအတွက် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့ (BNM) ၏ နယ်သာလန်အဖွဲ့ခွဲက မေလ ၃၀ ရက်တွင် ဆန္ဒပြပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

ပါကစ္စတန်သည် ၁၉၉၈ ခုနှစ် မေလ ၂၈ ရက်တွင် ဘာလိုချီစတန်ပြည်နယ်၏ ချာဟိုင်း ဧရိယာတွင် နျူကလီးယားဗုံး ခြောက်လုံးကို စမ်းသပ်ခဲ့ရာတွင် ယင်းက ဒေသ၌ ပြင်းထန်သည့် နောက်ဆက်တွဲ အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။

ဆန္ဒပြသူများသည် ချာဟိုင်းဒေသ နျူကလီးယား စမ်းသပ်မှုများနှင့်ပတ်သက်ပြီး လူအများ သိရှိစေရန် လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြသည်။

ထို့ပြင် နျူကလီးယား စမ်းသပ်ပြီးနောက် ဘာလိုချီစတန်၌ နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု၏ ပြင်းထန်သော သက်ရောက်မှုကို မီးမောင်းထိုးပြသရင်း ဆန္ဒပြသူများက လက်ကိုင်ပိုစတာများ၊ စာတန်းများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့ပြင် နျူလက်နက်များ စမ်းသပ်ခြင်းကို ဆန့်ကျင်သည့် ကြွေးကြော်သံများကိုလည်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။

ထိုဆန္ဒပြပွဲတွင် ဒေသခံပြည်သူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့သည် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့ကြသလို ပါကစ္စတန်၏ နျူကလီးယား စမ်းသပ်မှုကို ဆန့်ကျင်ပြီး ဘာလိုချီစတန်ပြည်သူများနှင့် တစ်သားတည်း ရှိကြောင်း ထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly