အာဖရိကတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမပြုရန် အမေရိကန်က တရုတ်ကို သတိပေး

အာဖရိကတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများမပြုရန် အမေရိကန်က တရုတ်ကို သတိပေး

အလုပ်သမားအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးခြင်းအပါအဝင် လူ့အခွင့်အရေးကို လိုက်နာရန်အပြင် အာဖရိကဒေသပြည်သူများ၏ အကျိုးစီးပွားကိုလည်း လေးစားရန် အမေရိကန်က တရုတ်အစိုးရအား တောင်းဆိုလိုက်သည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမေရိကန် လက်ထောက်ဝန်ကြီး ဂျိုးဖာ နန်ဒက်က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့သို့ မေ ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်စဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

အာဖရိကတွင် လူ့အခွင့်အရေးကို လိုက်နာပါက တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်က ဆန့်ကျင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းချင်း သိမ်းပိုက်လာ သဖြင့် အာဖရိကနိုင်ငံများသည် တရုတ်၏ ထုတ်ကုန်များနှင့် ပို့ကုန်များအပေါ်တွင် အလွန်မှီခိုနေရကြောaင်း လေ့လာမှုများအရသိရချိန်တွင် ယင်းမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်ဟု Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

ဈေးပေါသော တရုတ်ပို့ကုန်များကြောင့် အာဖရိကရှိ အထည်အလိပ်လုပ်ငန်းသည် အခက်တွေ့နေရပြီး နိုင်ငံအတွင်း အလုပ်အကိုင်ပေါင်း ၇၅၀ဝဝ ခန့်သာမက အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်ဝေစု၏ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

အာဖရိက၏ ဝမ်းနည်းဖွယ်အခြေအနေအတွက် အကြောင်းရင်းတစ်ခုမှာ သမ္မတရှီကျင်ဖျင်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI)' ဖြစ်သည်။ ယင်းစီမံကိန်းက ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ လမ်းများ၊ ပိုက်လိုင်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံအဆောက်အအုံစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ရည်ရွယ်သည်။

ယင်းစီမံကိန်း သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကင်းမဲ့ခြင်းကြောင့် ယင်းစီမံကိန်းများတွင် အကျင့်ပျက်ခြစားမှုများ ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required