တရုတ်ဂျက်လေယာဉ်များ၏ နှောက်ယှက်မှုအပေါ် ကနေဒါ ကန့်ကွက်

တရုတ်ဂျက်လေယာဉ်များ၏ နှောက်ယှက်မှုအပေါ် ကနေဒါ ကန့်ကွက်

အရှေ့အာရှတွင် ကုလသမဂ္ဂလုပ်ငန်းတာဝန်ဆောင်ရွက်နေသည့် ကနေဒါကင်းထောက်လေယာဉ်တစ်စင်းအား တရုတ်လေတပ်မှ တိုက်လေယာဉ်များက ဝင်ရောက်ဟန့်တား နှောက်ယှက်မှု အကြိမ် ၂၀ ကျော် လုပ်ဆောင်ခဲ့သည်ဟု ကနေဒါမီဒီယာတစ်ခုက ဖော်ပြထားသည်။

နှောက်ယှက်ခြင်းဆိုသည်မှာ အလွန်နီးကပ်စွာဖြင့် လျင်မြန်စွာ ပျံသန်းသွားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပျံသန်းမှုများတွင် တရုတ်ဂျက်လေယာဉ်များသည် ပေ ၂၀ မှ ပေ ၁၀၀ အထိ ကနေဒါလေယာဉ်အနီးသို့ ကပ်ကာ ပျံသန်းခဲ့ကြောင်း ကနေဒါ Global News သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်လေယာဉ်မှူးများက အန္တရာယ်များပြီး မလုပ်သင့်သော လုပ်ရပ်များအား လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့အစိုးရကို သံတမန်နည်းလမ်းအရ ကန့်ကွက်ထားကြောင်း ကနေဒါအစိုးရနှင့် စစ်တပ်ဘက်မှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကား၍ အဆိုပါ သတင်းတွင် ဖော်ပြသည်။

အလှည့်ကျ လေယာဉ်မှူးများ မောင်းနှင်သည့် ကနေဒါရေကြောင်း ကင်းလှည့်လေယာဉ် CP-140 Aurora သည် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို စောင့်ကြည့်ရသည့် U.N. Operation NEON တွင် ပါဝင်နေစဉ် ယခုကဲ့သို့ နှောက်ယှက်ခံရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly