တရုတ်နှင့် မြန်မာတို့တွင် ဖြစ်ပွားသည့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကိုးကား၍ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို အမေရိကန် ထုတ်ပြန်

တရုတ်နှင့် မြန်မာတို့တွင် ဖြစ်ပွားသည့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ကိုးကား၍ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို အမေရိကန် ထုတ်ပြန်

ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် အခွင့်အရေးအများအပေါ် တင်းကျပ်မှုများနှင့် ပတ်သက်၍ အမေရိကန်၏ နောက်ဆုံးထွက်ပေါ်လာသည့် အစီရင်ခံစာတွင် တရုတ်နှင့် မြန်မာတို့ကို အလေးထားဖော်ပြထားပြီး အဆိုပါ ၂ နှစ်နိုင်ငံအနေဖြင့် မွတ်စလင်ဝီဂါများနှင့် ရိုဟင်ဂျာများကို ဖိနှိပ်ကြောင်းရေးသားထားသည်။

‌“တရုတ်နဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်များက ဘာသာရေးအရ လူနည်းစုတွေကို လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဉ် ၂ ခု တွေ့ရှိရပါတယ်” ဟု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ရုံး၏ အဝေးရောက် အမေရိကန်သံအမတ် ကြီး ရာရှက်ဒ်ဟူစိန်က အစီရင်ခံစာထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇွန်၂ ရက်က ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ဘာသာရေး လွတ်လပ်ခွင့်အခြေအနေများအား အကဲဖြတ်ပြုစုထားသည့် အစီရင်ခံစာကို ကွန်ဂရက်သို့ နှစ်စဉ်တင်သွင်းရသည်။

ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR)တွင် ဖြစ်ပွားသည့် ညှဉ်းပန်းနှိပ်စက်မှု၊ ဗလက္ကာယပြုမှုနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်သည့် ဖြစ်ရပ်များအား မျက်မြင်သက်သေများနှင့် ကျွမ်းကျင်သူများ၏ ထွက်ဆိုချက်တို့ကို အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

‌“တရုတ်အစိုးရက ဘာသာအချို့ ကိုးကွယ်တဲ့ နိုင်ငံသားတွေအပေါ် ဖိနှိပ်ချုပ်ခြယ်ရာမှာ သိသာထင်ရှားပြီး ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး” ဟု ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်အခြေအနေများနှင့် မူဝါဒများနှင့် ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်၏ အကြံပေးအရာရှိ ဟူစိန်က ပြောကြားသည်။

‌တရုတ်အစိုးရက ရှင်ကျန်းဒေသ၏ ဟင်းလင်းပြင် အကျဉ်းထောင်တွင် စောင့်ကြည့်ထိန်းချုပ်မှုများလုပ်ရန် ဉာဏ်ရည်တုနှင့်  မျက်နှာအချက်အလက်မှတ်သားသည့် စနစ်များအပါအဝင် နည်းပညာများကို အသုံးချနေကြောင်းလည်း ဟူစိတ်က မှတ်ချက်ပေးသည်။

လူအများအပြားကို ဖမ်းဆီးထားခြင်းနှင့် ဗလီများကို ဖျက်ဆီးခြင်းအပြင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဗလက္ကာယပြုခြင်းနှင့် မျိုးမပွားစေရန် အတင်းအဓမ္မတားမြစ်လုပ်ဆောင်မှုများကြောင့် ရှင်ကျန်းဒေသရှိ ဝီဂါများ နစ်နာခံစားရမှုများအတွက် ခိုင်မာသောအထောက်အထားအများအပြားကို လူ့အခွင့်အရေး အုပ်စုများနှင့် ဝီဂါအကျိုးဆောင်အဖွဲ့အစည်းများက ပြောကြားသည်။

ယင်းစွပ်စွဲချက်များကို တရုတ်က ဒေါသတကြီး ငြင်းဆိုကာ အလိမ်အညာများအဖြစ်သာ သတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required