အီးယူက တရုတ်နှင့်ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်ဝမ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်သွယ်မှုမြှင့်တင်ရန် မျှော်လင့်နေ

အီးယူက တရုတ်နှင့်ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်ဝမ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်သွယ်မှုမြှင့်တင်ရန် မျှော်လင့်နေ

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေသည့်ကြားက ဥရောပသမဂ္ဂ (အီးယူ) သည် ထိုင်ဝမ်နှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်း ကုန်သွယ်မှုကို မြှင့်တင်ရန် စောင့်ကြည့်လျက်ရှိသည်။ ချစ်ပ်ပြားများကို တောင့်တလျက်ရှိသော အီးယူ သည် ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် မိုက်ခရိုချစ်ပ်လုပ်ငန်းကို ထိတွေ့ဆက်ဆံရန် မျှော်လင့်ထား သည်။

ဥရောပသမဂ္ဂသည် ထိုင်ဝမ်စီးပွားရေးရေးရာဝန်ကြီး မေဟွာဝမ်နှင့် ကုန်သွယ်မှုဆွေးနွေးပွဲကို အွန်လိုင်း၌ ဇွန် ၃ ရက်က ပြုလုပ်ခဲ့ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။

“ထိုင်ဝမ်ဟာ တစ်ပိုင်းလျှပ်ကူးပစ္စည်းနယ်ပယ်မှာ အရေးကြီးဆုံးသူမဟုတ်ရင်တောင် အလွန်အရေးပါတဲ့သူပါ” ဟု ကုန်သွယ်ရေးဆိုင်ရာ အီးယူကော်မရှင်နာ ဗယ်လ်ဒစ်ဒွမ်ဘရော့စကီက ပြီးခဲ့သောလက ဥရောပပါလီမန်သို့ ပြောသည်။

ထိုင်ဝမ်ရှိ National Dong Hwa University မှ လက်ထောက်ပါမောက္ခနှင့် ဥရောပပါလီမန်မှ နိုင်ငံရေး အကြံပေးဟောင်း ဖြစ်သူ ဆက်ဆာအန်နာဖရန်ဇီက ယခုအချိန်တွင် အီးယူ-ထိုင်ဝမ်ဆက်ဆံရေးတွင် သိသိ သာသာ အရှိန်ရနေပြီး ထိုင်ဝမ်နှင့် ကုန်သွယ်မှုသည် နောက်မှပေါ်ပေါက်လာသည့် စိတ်ကူးစိတ်သန်း မဟုတ် ကြောင်း DW သို့ ပြောကြားခဲ့သည်။

“အရင်တုန်းကတော့ အီးယူဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည်ချိန်ညှိဖို့ ကြိုးစားနေတာကြောင့် ကမ္ဘာ့အခြေအနေတွေက ကွဲပြားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အီးယူအဖွဲ့ရဲ့ အတွေး အမြင် လမ်းကြောင်းက အခြေခံကျကျ ပြောင်းသွားပြီ။ မကြာသေးမီက အီးယူ-တရုတ် ထိပ်သီးအစည်းအဝေးဟာ အဆင်မပြေခဲ့ဘဲ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို ရှုတ်ချဖို့ တရုတ်ကငြင်းဆန်လို့ အီးယူက စိတ်ပျက်သွားခဲ့ပါတယ်” ဟု ဆက်ဆာအန်နာဖရန်ဇီက ပြောသည်။

အီးယူ၌ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၆၆ ဒသမ ၆ ရာခိုင်နှုန်းသည် လျှပ်စစ်ကား၊ ဘက်ထရီများနှင့် ICT ထုတ်ကုန်များ နယ်ပယ်တွင် အဓိကဖြစ်သော်လည်း ထိုင်ဝမ်နှင့် အီးယူတို့သည် အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ် စီးပွားရေးများကို အဓိက ဦးစားပေးမူဝါဒအဖြစ်သတ်မှတ်ထားကြောင်း အီးယူနှင့် ဘယ်လ်ဂျီယံရှိ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးမှ မင်ယန်ဆိုင်က DW သို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဟူသော တရုတ်၏ရပ်တည်ချက်ကို သံတမန် အရေးအရ အသိအမှတ်ပြုသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာရန်နှင့် ထိုင်ဝမ်နှင့် ထိတွေ့ဆက်ဆံခြင်းမပြုရန် တရုတ်က အီးယူကို သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly