တရုတ်စီမံကိန်းများက နီပေါကို ဒုက္ခပေးနေ

တရုတ်စီမံကိန်းများက နီပေါကို ဒုက္ခပေးနေ

နီပေါအား ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ကြွယ်ဝချမ်းသာလာစေရန် တစ်ချိန်က ကတိပြုခဲ့သည့် တရုတ် သည် ယခုအခါ နီပေါရှိ အကြီးစားစီမံကိန်းများစွာကို လက်လွှတ်လိုက်ပြီဖြစ်သည်။

၂၀၁၅ခုနှစ်တွင် နီပေါ-အိန္ဒိယ ဆက်ဆံရေးတွင် ခဏတာ တင်းမာမှုများ ပေါ်ပေါက်လာပြီးနောက် ယင်းအချိန်က ဝန်ကြီးချုပ် ကေပီရှာမာအိုလီသည် မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နှင့် နီပေါနှစ်ရှည် မဟာဗျူဟာမြောက် စီမံကိန်းများ ဆောင်ရွက်ရန် ချိတ်ဆက်ခဲ့သည်။

“အိုလီ ပေကျင်းသို့ အလည်အပတ်ရောက်ရှိချိန်တွင် နီပေါက 'ကုန်းတွင်းပိတ်နိုင်ငံ' မှ 'ကုန်းတွင်းချိတ်' နိုင်ငံအဖြစ် ပြောင်းလဲခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုအတောအတွင်း နီပေါသည် နိုင်ငံချင်းဆက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ စာချုပ်များစွာကို တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ခရစ်နာ တီမယ်စီနာက Khabarhub တွင် ရေးသား ခဲ့သည်။

“အဲဒီအချိန်ကတောင်မှ တရုတ်က BRI သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ ဒီတူညီတဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတွေကို အလျင်အမြန်ချိတ်ဆက်ပြီး နီပေါကို ကုန်းတွင်းပိတ်နိုင်ငံကနေ “ကုန်းတွင်း ဆက်” နိုင်ငံအဖြစ် ကြေညာခြင်းဖြင့် တရုတ်နှင့် ပူးပေါင်းခဲ့သည်” ဟု ၎င်းက ထပ်လောင်း ရေးသားခဲ့သည်။

တရုတ်၏ ကတိကဝတ်နှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဆိုပြုချက်များသည် ရပ်တန့်သွားခဲ့ပြန်သည်ဟု နီပေါ သတင်းဌာန၏ ဖော်ပြခဲ့သည်။

တရုတ်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) သည် စီးပွားရေး၊ အခြေခံ အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများကြောင့် နီပေါတွင် မလုပ်မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ယင်းပြဿနာများကို ပိုမိုဆိုးရွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly