နည်းပညာကုမ္ပဏီများကို တရုတ်အစိုးရက ဖိနှိပ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများ အိန္ဒိယနှင့် အရှေ့တောင်အာရှကို ပိုမို စိတ်ဝင်စားလာ

နည်းပညာကုမ္ပဏီများကို တရုတ်အစိုးရက ဖိနှိပ်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများ အိန္ဒိယနှင့် အရှေ့တောင်အာရှကို ပိုမို စိတ်ဝင်စားလာ

တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ နည်းပညာကုမ္ပဏီများကို ဖိနှိပ်မှုကြောင့် အစပျိုးလုပ်ငန်းရင်းနှီးမြှုပ်နှံ သူများကို အိန္ဒိယအပါအဝင် အရှေ့တောင်အာရှ ဈေးကွက်သစ်ရှာဖွေရန် လှုံ့ဆော်ခဲ့သည်။

အရှေ့တောင်အာရှနှင့် အိန္ဒိယရှိ အစပျိုးလုပ်ငန်းများကို ကျောထောက်နောက်ခံပေးသည့် စွန့်စားရင်းနှီးမြှုပ်နှံ သည့် (VC) ကုမ္ပဏီများသည် ရန်ပုံငွေအသစ်အတွက် စံချိန်တင်ငွေများ စုဆောင်းရမိကြောင်း ဝါတာရုဆူဇူကီး က Nikkei Asia တွင် ရေးသားခဲ့သည်။

အရှေ့တောင်အာရှနှင့် အိန္ဒိယကို အာရုံစိုက်သည့် VC ရန်ပုံငွေများသည် ၂၀၂၂ခုနှစ် ယခုအချိန်အထိ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ စုဆောင်းရရှိထားပြီး ၂၀၂၁ခုနှစ် တစ်နှစ်လုံးနီးပါး စုဆောင်းထားသည့် ကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ နီးပါးရှိပြီးဖြစ်ကြောင်း သုတေသနကုမ္ပဏီ Preqin ၏ အချက် အလက်များက ဖော်ပြနေသည်။

နှိုင်းယှဉ်ကြည့်ပါက တရုတ်ကို အာရုံစိုက်သည့် VC များမှ ရန်ပုံငွေရှာဖွေမှုသည် ၂၀၂၁ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၂ ဘီလီယံမှ သိသိသာသာ ကျဆင်းသွားကြောင်း ဝါတာရုဆူဇူကီး က ရေးသားခဲ့သည်။

'ကျွန်တော်တို့ စကားပြောခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ၅၀ ရာခိုင်နှုန်းက တရုတ်အပြင် တခြားနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေကြပါတယ်' ဟု အရှေ့တောင်အာရှနှင့် အိန္ဒိယအစပျိုးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအသစ်အတွက် မကြာသေးမီက အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ရရှိခဲ့သည့် စင်ကာပူ အခြေစိုက် Jungle Ventures ကို ပူးတွဲတည်ထောင်သူ အာမစ်အာနန်က ပြောကြားခဲ့သည်။

Jungle Ventures သည် ဒေသနှစ်ခုကွာခြားနေသော်လည်း ကုမ္ပဏီ ၁၅ ခုမှ ၁၈ ခုအထိ စုစည်းပြီး ရင်းနှီးမြှုပ်နှံ ရန် စီစဉ်နေကြောင်း အာနန်က ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် စင်ကာပူအခြေစိုက် East Ventures က အရှေ့တောင်အာရှရှိ အစပျိုးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ရရှိခဲ့ပြီး ယင်း၏ စီမံခန့်ခွဲမှုအောက်တွင် ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရှိလာခဲ့သည်။

ဧပြီလတွင် အိန္ဒိယ၏ Elevation Capital သည် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၆၇၀ ရရှိခဲ့သည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

VC ရန်ပုံငွေများသည် ပင်စင်ရန်ပုံငွေနှင့် တက္ကသိုလ်ထောက်ပံ့ကြေးရန်ပုံငွေများမှသည် ချမ်းသာသော သူဌေးကြီးများအထိ ရင်းနှီးမြှုပ်နှံသူများထံမှ ငွေကို စုဆောင်းထားသည်။ 

မကြာသေးမီနှစ်များအတွင်း ဒေသနှစ်ခုစလုံးတွင် အစပျိုးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ကြီးထွားလာခြင်းကြောင့် အရှေ့တောင်အာရှနှင့် အိန္ဒိယတို့သည် စွဲဆောင်မှုရှိသော ဈေးကွက်များအဖြစ် ပေါ်ပေါက်လာခဲ့ပြီး အိန္ဒိယ အစားအစာ ပို့ဆောင်ရေးကုမ္ပဏီ Zomato နှင့် စင်ကာပူနာမည်ကျော် အက်ပ်လီကေးရှင်း Grab တို့ကဲ့သို့သော လူကြိုက်များသည့် စာရင်းဝင်ကုမ္ပဏီများ ဆက်တိုက်ထွက်ပေါ်လာခဲ့ကြောင်း ဝါတာရုဆူဇူကီး က ရေးသား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required