ဘင်္ဂလားဒေ့ရှ်တွင် တရုတ်ကုမ္ပဏီများ အခွန်ရှောင်ကြောင်း ဖော်ထုတ်တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်တွင် တရုတ်ကုမ္ပဏီများ အခွန်ရှောင်ကြောင်း ဖော်ထုတ်တွေ့ရှိ

တရုတ်ကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်တွင် အခွန်ရှောင်ကြကြောင်း မီဒီယာများက ဖော်ပြခံရပြီးနောက် ပုံရိပ်ကျဆင်းမှုကို ခံစားခဲ့ကြရသည်။

တရုတ်ဆက်သွယ်ရေး ဆောက်လုပ်ရေးကုမ္ပဏီ (CCCC) ၏ လက်အောက်ခံ တရုတ်လမ်းနှင့် တံတားကော်ပိုရေးရှင်း (CRBC) သည် အစိုးရပရောဂျက်များအတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းစဉ် အခွန်ရှောင်မှုတွင် ပါဝင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တွေ့ရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် Live News တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် တရုတ်ကုမ္ပဏီ Sino-Kemmed Trading Co. ၏ အခွန်ရှောင်မှု ကျူးလွန်ကြောင်း ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ရှန်ကျန်းတွင် တည်ရှိသော Global Pet Products Co Ltd. ၏ လုပ်ငန်းခွဲ Sino-Kemmed Trading ကုမ္ပဏီသည် ဒါကာအခြေစိုက် တွဲဖက်ကုမ္ပဏီ NB Trading House သို့ ကယ်လ်စီယမ်ကာဗွန်နိတ်ကို ပေးပို့မည်ဟု အကောက်ခွန်ဌာနသို့ ကြေညာထားသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကွင်းဆင်းစစ်ဆေးကြည့်သောအခါ တန်ဖိုးမြင့် ဒက်စ်ထရောက်စ် မိုနိုဟိုက်ဒြိတ် တန် ၁၂၀ ကို တွေ့ရှိခဲ့ပြီး ၎င်းဒက်စ်ထရောက်များကို ဖုံးကွယ်ကာကယ်လ်စီယမ်ကာဗွန်နိတ် အဖြစ် တံဆိပ်ကပ်ထားခြင်းဖြစ်သည်။

ယင်းကုန်ပစ္စည်းများကို Vashi Shipping Pvt Ltd က ကွန်တိန်နာ ၅ လုံးဖြင့် သယ်ဆောင်ခဲ့ကာ စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ အာဏာပိုင်များက အချိန်မီသာ မစစ်ဆေးမိပါက တိုင်းပြည်ဘဏ္ဍာ တာကာ ၄ ၂၁၃ ၀၀၀ သိန်း ဆုံးရှုံးမည်ဖြစ်သည်။

တရုတ်ကုမ္ပဏီများ၏ အမည်နှင့် မည်သည့် ကုမ္ပဏီဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ဆိပ်ကမ်းအာဏာပိုင်များနှင့်အကောက်ခွန်ဌာနအနေဖြင့် အကြီးတန်းအဆင့်များ၏ ဖိအားပေးခြင်းကို ခံနေရသည်ဟု တချို့မီဒီယာက ဖော်ပြသည်။

တရုတ်က ၎င်းတို့သည် ယုံကြည်စိတ်ချရသော စီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း ကိုယ်တိုင် ထုတ်ဖော် ပြောဆိုထားသော်လည်း ၎င်း၏ စီးပွားရေးမိတ်ဖက်ဖြစ်မှုက လက်ခံနိုင်ငံများအတွက် အဖျက်အမှောင့်အဖြစ် ပြောင်းလဲသွားပုံပေါ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly