စံနှစ်မျိုးကျင့်သုံးမှုများလာသည့် တရုတ်ကို အာရှက အကောင်းမြင်ရန် မဖြစ်နိုင်

စံနှစ်မျိုးကျင့်သုံးမှုများလာသည့် တရုတ်ကို အာရှက အကောင်းမြင်ရန် မဖြစ်နိုင်

တရုတ်သမ္မတရှီကျင့်ဖျင်က ဧပြီလတွင် ဟိုင်နန်ပြည်နယ်တွင် ပြုလုပ်ခဲ့သော ပေါင်အိုနှစ်ပတ်လည်ထိပ်သီး အစည်းအဝေးတွင် တရုတ်နိုင်ငံကို ထွန်းသစ်စအင်အားကြီးနိုင်ငံအဖြစ် အလေးထားပြောကြားခဲ့ပြီး ကမ္ဘာ့ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်ကို တန်းတူညီမျှအနေအထားသတ်မှတ်ရန် ကမ္ဘာကို တိုက်တွန်းခဲ့သော်လည်း ထိုင်ဝမ်အပေါ် အဆက်မပြတ်ဖိအားပေးမှုနှင့် တောင်တရုတ်ပင်လယ်တွင် ဗိုလ်ကျလွှမ်းမိုးရေးအတွက် ရန်လိုမှုတို့က ခေါင်းဆောင်၏ ကတိကဝတ်အပေါ် မေးခွန်းထုတ်စရာများ ပေါ်ထွက်လာခဲ့သည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေခြင်း” နှင့် “၂၁ ရာစုတွင် လုံခြုံရေးစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေ” သော ကြောင့် စစ်အေးတိုက်ပွဲစိတ်ဓာတ်၊ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် အာဏာနိုင်ငံရေးကို ရှောင်ရှားရန် ၎င်းက တောင်းဆိုနေချိန်တွင် သမ္မတမိန့်ခွန်း၏ အထူးခြားဆုံးသော အင်္ဂါရပ်များထဲမှ တစ်ခုမှာ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ပဏာမခြေလှမ်းတွင် 'ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစပြုချက်'(GSI) အယူအဆသစ်ကို ဖော်ညွှန်းလာခြင်းဖြစ်သည်။

ယင်းမှတ်ချက်များက အမေရိကန်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တရုတ်အား ထွန်းသစ်စ အင်အား ကြီးနိုင်ငံအဖြစ်လက်ခံရန် ပြောကြားနေခြင်းဖြစ်ကြောင်း The Hong Kong Post က ဖော်ပြခဲ့သည်။

GSI ၏ တရုတ်အယူအဆသည် အာရှသြဇာလွှမ်းမိုးမှုကို ရရှိရန် ကြိုးပမ်းခြင်းဖြစ်ပြီး အထူးသဖြင့် အမေရိကန် နှင့် အာရှတွင် ပါဝါပြိုင်ဆိုင်မှုတွင် တရုတ်အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်သာမှုရရှိရန် ယင်း အစီအစဉ်များက ရည်ရွယ်ထားသည်။

စစ်အေးတိုက်ပွဲစိတ်ဓာတ်ကိုငြင်းပယ်ရန် ပြောဆိုနေသော်လည်း GSI သည် တရုတ် အကျိုးရှိစေရန် ပါဝါ နိုင်ငံရေးတွင် အသာရရှိရေးအတွက် ကြိုးပမ်းမှုဖြစ်သည်မှာ မြင်သာလှသည်။

GSI အဆိုပြုချက်အများစုသည် အမေရိကန်၊ ယင်း၏ လုပ်ဖော်ကိုင်ဖက်များ၊ မဟာမိတ်များနှင့် ယှဉ်ပြိုင်ရန် အလွှာပါးဖုံးကွယ်ထားသည့် ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု ဟောင်ကောင်ပို့စ်သတင်းစာက ဖော်ပြသည်။

အာရှသံတမန်တစ်ဦးက တရုတ်သည် မည်သူမှ မကန့်ကွက်သည့် အလွန်ကြီးမားသောမူဘောင်တစ်ခုနှင့်အတူ ထွက်ပေါ်လာလေ့ရှိသည်ဟု ရှီ၏ ပဏာမခြေလှမ်းကို မှတ်ချက်ပြု ပြောကြားခဲ့သည်။

ယင်းစိတ်ကူးကို နိုင်ငံများက အကြွင်းမဲ့သဘောမတူဘူးဆိုလျှင်တောင်မှ အနည်းဆုံးတော့ အပြည့်အဝ မဆန့် ကျင်ရဲပေ။ ထို့နောက် တစ်စတစ်စဖြင့် အမေရိကန်နှင့် ကင်းကွာအောင် တရုတ်က ယင်းမူဘောင်ကို အသုံးပြု နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly