စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်အာဏာရပါတီက သမ္မတရှီ ၏မူဝါဒကို ပြစ်တင်ဝေဖန်ခြင်း ရပ်ဆိုင်း

စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်အာဏာရပါတီက သမ္မတရှီ ၏မူဝါဒကို ပြစ်တင်ဝေဖန်ခြင်း ရပ်ဆိုင်း

၂၀၂၂ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက် မတိုင်မီ ကိုဗစ်ပိတ်ဆို့ကန့်သတ်ခြင်း၊ စတော့နှင့် ရေနံကိစ္စများကို အပြီးသတ်ရှင်းလင်းရေးဟူသည့် ကြီးမား သော ရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေးအတွက် တရုတ်၏ ဆောင်ရွက်ချက်များသည် စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

ကိုဗစ်ကင်းစင်ရေး မူဝါဒနှင့်အတူ တရုတ်နိုင်ငံသားများသည် မပျော်မရွှင်ဖြစ်နေသော်လည်း ပါတီက ယင်း၏ ခေါင်းဆောင်ကို အရေးပါသောညီလာခံမတိုင်မီ ဝေဖန်ခြင်းမပြုရန်ရွေးချယ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် သမ္မတရှီကျင့်ဖျင်က တတိယအကြိမ်သက်တမ်းကိုယ်စားလောင်းအဖြစ် ဝင်ပြိုင်ရန် မျှော်လင့်ထားချိန်တွင် အရေးကြီးပါတီကွန်ဂရက်မတိုင်မီ မည်သည့်အငြိမ်းစားကေဒါကိုမျှ မိန့်ခွန်းမ ပြောကြားရန် တားမြစ်ထားသည်။

အငြိမ်းစား ကေဒါများနှင့် ပါတီဝင်များ ပါတီ၏ လမ်းညွှန်ချက်များကို နားထောင်ပြီး လိုက်နာရန် ပါတီအား တိုက်တွန်းသည့် “ခေတ်သစ်တွင် အငြိမ်းစား ကေဒါများ အကြားပါတီ တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် CPC ဗဟိုကော်မီတီ အထွေထွေရုံးက ကြေညာစာအများအပြား ထုတ်ပြန်ထားသည်။ စည်းကမ်းဖောက်ဖျက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း CPC မှ ဝါရင့်အဖွဲ့ဝင်များအား သတိပေး ထားသည်။

ထုတ်ဝေမှုအရ သမ္မတရှီ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒများကို ဝေဖန်မှုများများလာချိန်တွင် ပါတီ၏ အငြိမ်းစား အရာရှိများကို လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ရန် ယင်း တင်းကျပ်သောလမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသား ကွန်ဂရက်ကိုသာ စိတ်ထဲမှာထားရေးအတွက် ယင်းညွှန်းကြားချက်များ ထုတ်ပြန်ခြင်းဖြစ်ကြောင်း အငြိမ်းစားပါတီအရာရှိများက ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နိုင်ငံရပ်ခြားတွင်နေထိုင်လိုသောအငြိမ်းစားကေဒါများသည် ပါတီမှ နုတ်ထွက် ကြောင်းလျှောက်ထားရန်လိုအပ်ပြီး ကေဒါများသည်တိုင်းပြည်မှ ထွက်ခွာပြီးနောက် CPC ကို ဝေဖန်ခြင်းမပြုရန် တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly