တရုတ်နည်းပညာကုမ္ပဏီကြီးများက မကြာခဏ အလုပ်ထုတ်ခြင်းကြောင့် တည်ငြိမ်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အစိုးရအလုပ်များကို ဘွဲ့ရလူငယ်များ ရွေးချယ်လာ

တရုတ်နည်းပညာကုမ္ပဏီကြီးများက မကြာခဏ အလုပ်ထုတ်ခြင်းကြောင့် တည်ငြိမ်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အစိုးရအလုပ်များကို ဘွဲ့ရလူငယ်များ ရွေးချယ်လာ

တရုတ်စီးပွားရေးသည် ကပ်ဆိုးကျလောက်အောင် ကျဆင်းနေသဖြင့် နိုင်ငံအတွင်းရှိ နည်းပညာ ကုမ္ပဏီကြီး များက မကြာခဏ အလုပ်မှ ထုတ်ပယ်မှုများကြောင့် တရုတ်ဘွဲ့ရများအကြား စိုးရိမ်မှုများ မြင့်တက် လာသဖြင့် တည်ငြိမ်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အစိုးရအလုပ်များကို အများစုက ရွေးချယ်လာကြသည်။

၂၀၂၁ခုနှစ်စက်တင်ဘာလတွင် Tencent က အသေးစားလုပ်ငန်းဌာနများမှ ဝန်ထမ်းများထုတ်ပယ်ခဲ့ချိန်တွင် တစ်ဖက်တွင် Alibaba ၏ အုပ်စုလိုက်-အဝယ်လုပ်ငန်းယူနစ် MMC မှ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းခန့်ကို အလုပ်မှ ထုတ်ပစ်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

တရုတ်စီးပွားရေးနှေးကွေးမှုနှင့် ခံစားခွင့်များ လျှော့ချမှုကြောင့် ဘွဲ့ရလူငယ်များ အလုပ်ရှာရာတွင် အခက်အခဲ ဖြစ်စေသလို ရွေးချယ်ရေး လုပ်ငန်းစဉ်အတွင်း ပါတီဝင်များအား ဦးစားပေး ဆက်ဆံမှုများကိုလည်း ၎င်းတို့က သတိပြုမိလာကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ဝန်ထမ်းများအား ပေးသည့် နှစ်ကုန် ဆုကြေးကိုလည်း ယာယီ ရပ်ဆိုင်းထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ကျန်းစု၊ ကျီကျန်း၊ ဖု့ကျန့်နှင့် အခြားပြည်နယ်များရှိ အစိုးရဝန်ထမ်းများကို ပေးသည့် ခံစားခွင့် များကို ပုံမှန်မဟုတ်၍ စံချိန်စံညွှန်းတိုင်းမဟုတ်ဟုဆိုကာ အစိုးရက ၂၀ ရာခိုင်နှုန်း လျှော့ချခဲ့သည်။

ပေကျင်းတွင် နည်းပညာပိုင်းကုမ္ပဏီကြီးများကို ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်နေခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

iQiyi သည် ယင်း၏ လက်ရှိ ဝန်ထမ်းအင်အား၏ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်ကို ထုတ်ပယ်လိုက်ချိန်တွင် Kuaishou က ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကို ရာထူးမှထုတ်ပစ်ရန် စီစဉ်နေသည်။

အမျိုးသားစာရင်းအင်းဗျူရိုမှ နောက်ဆုံးရရှိသော အချက်အလက်များအရ တရုတ်တွင် ၁၀စုနှစ် ၄ စုအတွင်း အနိမ့်ဆုံးစီးပွားရေးကျဆင်းနေသည်။

အစီရင်ခံစာများအရ တက္ကသိုလ်ဘွဲ့ရများ အလုပ်မရှိနှုန်းသည် ၂၀၂၀ပြည့်နှစ် ဒုတိယသုံးလပတ်တွင် ဝ ဒသမ ၇၉ ရာခိုင်နှုန်း မှ ၂၀၂၁ခုနှစ် စတုတ္ထ သုံးလပတ်တွင် ဝ ဒသမ ၈၈ အထိ တိုးလာခြင်းကြောင့် တရုတ်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းက အဓိကပြဿနာတစ်ခုဖြစ်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly