ပြည်သူများ၏လှူဒါန်းငွေဖြင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို အင်းလေး PDF ပြသ

ပြည်သူများ၏လှူဒါန်းငွေဖြင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို အင်းလေး PDF ပြသ

ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Inle PDF) က ပြည်သူများ၏ လှူဒါန်းငွေဖြင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို ဇွန်လ ၃ ရက် ညပိုင်းတွင် ထုတ်ပြန်ပြသခဲ့သည်။

Inle PDF သည် ယခင်က လက်လုပ်သေနတ်များဖြင့် တော်လှန်ရေးစတင်ခဲ့ရသော်လည်း ယခုအခါ ပြည်သူများ၏ လှူဒါန်းငွေဖြင့် Auto သေနတ်များကို ဝယ်ယူကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းဆိုသည်။

" ပြည်သူလူထုရဲ့ဝိုင်းဝန်းလှူဒါန်းမှုများကြောင့် ဒီလို Auto များကိုဝယ်ယူနိုင်ပြီး ယခုထိရှေ့တန်းမှာ မျက်နှာပန်းလှပြီး ပွဲကနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီတောင့်တွေကတော့ ပွဲကတိုင်း ပေါပေါသီသီမဖြစ်သေးလို့ ဆက်ပြီးလည်းပါဝင်လှူဒါန်းပေးကြပါအုံးလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ပြည်သူလူထုအားလုံးကို အမြဲတမ်း ကျွန်တော်တို့ Inle PDF ရဲဘော်များမှ အထူးကျေးဇူးတင်တယ်" ဟု Inle PDF တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ကျည်ဆန်ဝယ်ယူရန်အတွက် “ရွှေယူပါဦး” အမည်ဖြင့် တော်လှန်ရေးအစီအစဉ်တရပ်ပြုလုပ်ကာ အခေါက်ရွှေ Bracelet များ မဲဖောက်ပေးမည့် ကဲစမ်းမဲလက်မှတ်များကို ရောင်းချလျက်ရှိသည့်အတွက် ပါဝင်ပေးကြရန်ကိုလည်း အင်းလေး PDF က ဖိတ်ခေါ်ထားသည်။

#အင်းလေးဒေသ

#ညောင်ရွှေမြို့နယ်

#InlePDF

#လှူဒါန်းငွေ

#ရွှေယူပါဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly