တရုတ် စီးပွားရေးတည်ငြိမ်စေရန်အတွက် မူဝါဒများအကောင်အထည်ဖော်ရန် ဝန်ကြီးချုပ် အလေးထား ထောက်ပြ

တရုတ် စီးပွားရေးတည်ငြိမ်စေရန်အတွက် မူဝါဒများအကောင်အထည်ဖော်ရန် ဝန်ကြီးချုပ် အလေးထား ထောက်ပြ

တရုတ်ဝန်ကြီးချုပ်လီကေကျန်းက အခြေအနေများကို ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် ဈေးကွက် အဖွဲ့အစည်းများကို ပံ့ပိုးပေးခြင်းသည် စီးပွားရေးတည်ငြိမ်စေရေး မူဝါဒများကို အကောင်အထည်ဖော်ရေး အတွက် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး ကိုဗစ်ကန့်သတ်ထိန်းချုပ်မှုများက ဒုတိယအကြီးဆုံး စီးပွားရေးကို ဆိုးရွားစွာသက်ရောက်ချိန်တွင် ယခုကဲ့သို့ ပုံမှန်မဟုတ်သော သတိပေးချက်တစ်ရပ် ထွက်ပေါ် လာခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို၏ အမြဲတမ်းကော်မတီဝင် လီက မေလ ၂၅ရက်က တယ်လီကွန်ဖရင့်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ အဓိကမူဝါဒအချို့ကို ဦးဆောင်နေသည့် သမ္မတရှီကျင့်ဖျင်အား တိုးတက်မှုနှေးကွေးခြင်းအတွက် အပြစ်တင်နေချိန်တွင် ယင်းမှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၂၂ခုနှစ်နှောင်းပိုင်းတွင် အငြင်းပွားဖွယ်ရာ တတိယအကြိမ် သက်တမ်းရယူရန် မျှော်လင့်နေချိန်တွင် ယင်းစိန်ခေါ်မှုက သမ္မတကို ကျရှုံးစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

လွန်ခဲ့သော လအနည်းငယ်က စီးပွားရေးကို လမ်းကြောင်းမှန်ပေါ်ပြန်ပို့မည့် အပြောင်းအလဲများကို တွန်းအား ပေးရန် နောက်ကွယ်မှ တရုတ်ဝန်ကြီးချုပ်က ထွက်ပေါ်လာခဲ့သည်။

မေလအစောပိုင်းက လီခါ့ချင်သည် ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သက်မှုများကြောင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ဖြစ်သည့် တရုတ်နိုင်ငံတွင် အလုပ်ဈေးကွက်၏ မှေးမှိန်သော အလားအလာကို ပြောကြားခဲ့ရာတွင် အလုပ်အကိုင် အခွင့် အလမ်းအခြေအနေသည် ရှုပ်ထွေးနက်ရှိုင်းကြောင်း ပြောကြားခဲ့သည်။

အစိုးရအဆင့်အားလုံးကို အလုပ်အကိုင်ဖန်တီးပေးရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေး နည်းလမ်းများကို ဦး စား ပေးရန် ညွှန်ကြားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။ 

အစိုးရအချက်အလက်များအရ တရုတ်၏ အလုပ်လက်မဲ့နှုန်းသည် ၂ နှစ်နီးပါးတွင် အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly