တရုတ်ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ကာဇက်စတန်မှ ထွက်ခွာနေ

တရုတ်ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ကာဇက်စတန်မှ ထွက်ခွာနေ

ကာဇက်စတန်နှင့် တရုတ်ကြား ခိုင်မာသော စီးပွားရေး ချိတ်ဆက်မှုများရှိသော်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် စိန်ခေါ်မှု အခက်အခဲများ ရှိလာကာ ကာဇက်စတန်အတွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများကို ဆိုးဝါးစွာ ထိခိုက်နိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် အဓိကစီမံကိန်းများ အကောင်အထည်ဖော်မှု နှောင့်နှေးနေပြီး တရုတ်ရင်းနှီး မြှုပ်နှံမှု အမြောက်အများ မကြာသေးမီကာလအတွင်း ကာဇက်စတန်မှ ထွက်ခွာနေကြောင်း Geopolitica.info က ဖော်ပြခဲ့သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပြည်သူများ၏ ဆန့်ကျင်မှုသည် ၂၀၁၆ခုနှစ်မှ စတင်၍ နိုင်ငံရေး ဆန္ဒပြမှုများကို အကြီးအကျယ်ဖြစ်ပွားစေပြီးနောက် ဆက်လက်ဖြစ်ပေါ်မှုများ ရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ကာဇက်စတန်သည် ၂၀၁၉ခုနှစ်တွင် တရုတ်နှင့် ကျယ်ပြန့်သော မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုကို တည်ထောင်ခဲ့ပြီး တရုတ်သည် ကာဇက်စတန်၏ ထိပ်တန်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သည်။

၂၀၂၁ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၂၂ ဒသမ ၉၄ ဘီလီယံအထိရှိသည်။ ထို့ပြင် ၂၀၁၉ခုနှစ် အကုန်တွင် တရုတ်က ကာဇက်စတန်တွင် ဒေါ်လာ ၂၉ ဒသမ ၄၃ ဘီလီယံ တန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပြီး ကြိုတင်ချေးငွေ ဒေါ်လာ ၅၀ ဘီလီယံ ကျော် ချေးထားပြီး စီမံကိန်း အမျိုးမျိုးအတွက် နှစ်ပွင့်ဆိုင် စာချုပ် ဒေါ်လာ ၃၇ ဒသမ ၆ ဘီလီယံဖိုးရှိကာ ကာဇက်စတန်တွင် မှတ်ပုံတင်ထားသော တရုတ်စီးပွားရေး လုပ်ငန်းပေါင်း ၁၀ဝ၀ ကျော်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော် စီးပွားရေးချိတ်ဆက်မှုများရှိသော်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် လေးနက်သော စိန်ခေါ်မှုများက ကာဇက်စတန်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။

အစီရင်ခံစာတွင် တရုတ်ကုမ္ပဏီများသည် အကျင့်ပျက်ခြစားမှုကို အားပေးနေကြောင်း ဒေသခံပြည်သူများက မကြာခဏဆိုသလို ပြောကြားခဲ့သည်။

မငြိမ်မသက်မှုများက တရုတ်စီးပွားရေးလုပ်ငန်းများနှင့် နှစ်နိုင်ငံအကြားရှိ ဓာတ်ငွေ့ပိုက်လိုင်းကို သက်ရောက်မှု ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly